News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
20-Aug-2016

ကမ္ဘာကျော် ဗြိတိသျှ ရော့ခ်တေးဂီတအဖွဲ့ Cold Play ရဲ့ အယ်လ်ဘမ်အသစ် A Head Full Of Dream အယ်လ်ဘမ်ထဲက Album Title သီချင်းဖြစ်တဲ့ A Head Full Of Dream သီချင်းရဲ့ တရားဝင် ဂီတဗွီဒီယိုဟာ လက်ရှိ YouTube မှာ ရေပန်းစားနေတဲ့ ဗွီဒီယိုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်နေပါတယ်။

A Head Full Of Dream အယ်လ်ဘမ်ထဲကနေ ၄ ပုဒ်မြောက် Single ဂီတဗွီဒီယို အဖြစ်နဲ့ ထွက်ပေါ်လာတဲ့ ဒီတရားဝင် YouTube ဗွီဒီယိုဟာ တစ်ရက်အတွင်းမှာပဲ ကြည့်ရှု့သူ ၁ ဒသမ ၇ သန်းကျော် ပိုင်ဆိုင်ထားပြီးနေပါပြီ။

Cold Play ရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ အယ်လ်ဘမ်ဖြစ်တဲ့ A Head Full Of Dream ဟာဆိုရင် အရောင်းရဆုံး စာရင်းတွေမှာ အချိန်ကြာမြင့်စွာ နံပါတ်တစ်နေရာက ရပ်တည်နိုင်ခဲ့တဲ့ အယ်လ်ဘမ်ပဲ ဖြစ်ပါတယ်။

ကြာမြင့်ချိန် ၅ မိနစ်နီးပါး ရှိတဲ့ A Head Full Of Dream သီချင်းရဲ့ တရားဝင် ဂီတဗွီဒီယိုကို အောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။