News

POST TYPE

VIDEO

You Tube မှာ ဘာခေတ်စားနေလဲ
11-Aug-2016

All Love လို့ နာမည်ပေးထားတဲ့ ဗီဒီယိုလေးတစ်ခုက YouTube ပရိသတ် လူငယ်တွေကြားမှာ ဒီနေ့ တော်တော်လေး ဟော့နေပါတယ်။

မနေ့ကမှ တင်ထားတဲ့ဒီဗီဒီယိုဟာ တစ်ရက်အတွင်းမှာ ကြည့်ရှုသူ သုံးသန်းကျော် ရှိနေပါပြီ။

အမေရိကန်နိုင်ငံ ဖီလာဒဲလ်ဖီးယားမြို့မှာ ကောင်မလေးကို ကောင်လေးက ကုန်းပိုးပြီး တစ်နေ့လုံး လျှောက်လည်ကြတဲ့ အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။

ကောင်လေးက ကားရှုပ်ထွေးတဲ့ လမ်းတွေပေါ်မှာ စကိတ်နဲ့သွားနေရင်း ကောင်မလေးကို ကုန်းပိုးထားသလို ဗီဒီယိုကိုလည်း ကောင်မလေးကပဲ ကင်မရာကို Selfie Stick နဲ့ချိတ်ပြီး ရိုက်ထားတဲ့အတွက် နည်းနည်း အသည်းထိတ်စရာပါပဲ။

နောက်ခံစည်းချက်လေးတွေက မိုက်သလို ဆန်းပြားတဲ့ မြင်ကွင်းလေးတွေနဲ့ ခုနစ်မိနစ်ပဲကြာတဲ့ ဒီဗီဒီယိုလေးကို အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။