POST TYPE
VIDEO
ဒီနေ့အတွက် YouTube မှာလူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ ဗွီဒီယိုတွေထဲက တစ်ခုကတော့ လက်ရှိရုံတင်ပြသနေတဲ့ Suicide Squad ရုပ်ရှင်ကားဇာတ်ဝင်သီချင်းတစ်ပုဒ်ရဲ့ MTV ပဲဖြစ်ပါတယ်။
Purple Lamborghini လို့အမည်ရတဲ့ အဲဒီသီချင်းကို အမေရိကန်အီလက်ထရောနစ် Music Producer တစ်ယောက်ဖြစ်တဲ့ Skrillex နဲ့ ရက်ပ်အဆိုတော် ရစ်ခ်ရော့စ် တို့တွဲဖက်သီဆိုထားတာ ဖြစ်ပါတယ်။
Suicide Squad ဟာ စူပါဟီးရိုးမဟုတ်တဲ့ စူပါဗီလိန်တွေ ပါဝင်တဲ့ အထူးတပ်ဖွဲ့ရဲ့ စွန့်စားခန်း အက်ရှင်တွေကို တမူထူးခြားစွာ မြင်တွေ့ရမယ့် ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ Suicide Squad ရုပ်ရှင်က နိုင်ငံတကာရုပ်ရှင်ရုံတွေမှာ အောင်မြင်မှုတွေ ရရှိနေသလို အဲဒီဇာတ်ကားရဲ့ ဇာတ်ဝင်သီချင်းတစ်ပုဒ် ဖြစ်တဲ့ Skrillex နဲ့ ရစ်ခ်ရော့စ်တို့ရဲ့ Purple Lamborghini သီချင်း Official MTV ကလည်း YouTube မှာတစ်ရက်အတွင်းမှာတင် ကြည့်ရှုသူ ၃.၃ သန်းရရှိတဲ့အထိ ရေပန်းစားနေတာပဲ ဖြစ်ပါတယ်။
ရက်ပ်သီချင်း ခပ်ပြင်းပြင်းကိုလည်း နားထောင်ခွင့်ရမှာ ဖြစ်သလို Suicide Squad ရုပ်ရှင်ဇာတ်ဝင်ခန်း အချို့ကိုလည်း ခံစားခွင့်ရမယ့် Purple Lamborghini MTV ကိုအောက်ကလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021