News

POST TYPE

VIDEO

YouTube မှာဘာခေတ်စားနေလဲ
11-Aug-2016

ဒီနေ့အတွက် ကမ္ဘာကျော် ဗွီဒီယိုမျှဝေရေးဝက်ဘ်ဆိုဒ် YouTube မှာလူကြည့်များနေတဲ့ ဗွီဒီယိုတွေထဲကမှ ကောင်မလေးတစ်ယောက် ကားတာယာလဲပြတဲ့ ဗွီဒီယိုဖိုင်ကို ညွှန်းပေးချင်ပါတယ်။

A Women's Guide To Changing A Tire လို့အမည်ရတဲ့ ဒီဗွီဒီယိုမှာ အမျိုးသမီးတွေအနေနဲ့ တစ်ယောက်တည်း ကားမောင်းသွားရင်း ကာဘီးပေါက်လို့ အမျိုးသား တစ်ယောက်ယောက်ရဲ့ အကူအညီကို မရနိုင်တဲ့အခါမျိုးမှာ ကိုယ်တိုင် ကားတာယာ ဘယ်လိုလဲရမယ်ဆိုတာကို ကောင်မလေးတစ်ယောက်က လက်တွေ့ ပြသပေးထားပါတယ်။

ပေါ့ပေါ့ပါးပါးနဲ့ လက်တွေ့သရုပ်ပြ တင်ဆက်ပေးထားတဲ့ ဒီဗွီဒီယိုဖိုင်ကို ကြည့်ထားမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အရေးအကြောင်း ကြုံချိန်မှာ အသုံးတည့်နိုင်မှာပဲ ဖြစ်ပါတယ်။

Rachael Valentine ဆိုတဲ့ကောင်မလေးရဲ့ YouTube channel ကနေတင်ဆက်ထားတဲ့ ဒီဗွီဒီယိုဖိုင်ဟာ လက်ရှိအချိန်မှာ ကြည့်ရှုသူ ၂ သန်းကျော်အထိ ရှိနေပြီဖြစ်ပါတယ်။