News

POST TYPE

VIDEO

ဒီနေ့ You Tube မှာ ဘာခေတ်စားနေလဲ
10-Aug-2016

Resident Evil ပရိသတ်တွေ အကြာကြီး မျှော်လင့်စောင့်စားခဲ့ရတဲ့ ခြောက်ကားမြောက်ဇာတ်ကား Resident Evil: The Final Chapter ရဲ့ Official Trailer ထွက်ရှိလာပါပြီ။

လာမယ့် ၂၀၁၇ ဇန်နဝါရီလမှာ ရုံတင်ပြသမှာဖြစ်တဲ့ ဒီဇာတ်ကားဟာ Resident Evil ရုပ်ရှင်အတွဲထဲတွေမှာ နောက်ဆုံးပိတ်ဇာတ်ကား ဖြစ်ပြီး ၂၀၁၂ မှာထွက်ရှိခဲ့တဲ့ ငါးကားမြောက်ဇာတ်ကား Resident Evil: Retribution ရဲ့ အဆက်ဖြစ်ပါတယ်။

Trailer ထဲမှာ ပါဝင်တဲ့ဇာတ်ဝင်ခန်းတွေအရ - အဲလစ်ဟာ ဒီအရှုပ်ပုံတွေအားလုံး စတင်ရာ အမ်ဘရဲလားကော်ပိုရေးရှင်းရဲ့ အခြေစိုက်မြို့တော် ရက်ကွန်းစီးတီးကို ပြန်လည်ရောက်ရှိလာပါတယ်။

အဲလစ်နဲ့ သူ့ရဲ့ အဖွဲ့ဟာ တစ်မြို့လုံးအပြည့်ရှိနေတဲ့ မကောင်းဆိုးဝါးတွေအပြင် မျိုးစိတ်သစ် မကောင်းဆိုးဝါးတွေနဲ့ပါ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ဆူပါပါဝါတွေ ဆုံးရှုံးထားတဲ့ အဲလစ်ဟာ သူ့ရဲ့ ရန်သူတော် ဝက်စ်ကာ နဲ့လည်း ထိပ်တိုက်ရင်ဆိုင် တွေ့ပါသေးတယ်။

ဒီ Trailer ကို သြဂုတ်လ ၉ ရက်နေ့ညနေမှာ တင်ခဲ့ပြီး ၁၂ နာရီအတွင်း ကြည့်ရှုသူငါးသိန်းခွဲ ရှိထားပါတယ်။