News

POST TYPE

VIDEO

ကိုဗစ်အတည်ပြုလူနာ ၄၀ကျော်လျော့နည်းလာ
23-Dec-2020

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာ ၂၃ရက် ည ၈နာရီသတင်းထုတ်ပြန်ချက်အရ ကိုဗစ်ပိုးတွေ့လူနာသစ် (၉၂၃) ဦးနဲ့ သေဆုံးသူ (၂၃) ဦးရှိပါတယ်။ ဓာတ်ခွဲစစ်ဆေးသူ (၂၃၀၇၂) ဦးရှိပါတယ်။ ဒါကြောင့် ပိုးတွေ့နှုန်းဟာ ရာခိုင်နှုန်းအားဖြင့် ၄ရာခိုင်နှုန်းရှိတယ်လို့ ဆိုနိုင်ပါတယ်။ မနေ့ကထက် ပိုးတွေ့လူနာ ၄၀ကျော်ပိုနည်းပါတယ်။ မနေ့ကတော့ ကိုဗစ်အတည်ပြုလူနာ ၉၆၄ဦး တွေ့ရှိခဲ့ပါတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၄ဒသမ၁ရာခိုင်နှုန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း (၁၁၈,၈၆၉) ဦး၊ သေဆုံးသူစုစုပေါင်း (၂၅၀၇) ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၉၉၃၂၅ဦး ရှိပြီဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဒီဇင်ဘာ ၂၃ရက်၊ နံနက် ၁၀နာရီခန့်အထိ စာရင်းအရ ကမ္ဘာမှာ ကိုဗစ်ဖြစ်ပွားမှုနှုန်းအများဆုံး နိုင်ငံတွေက အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှားနိုင်ငံတွေ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ မြန်မာနိုင်ငံရဲ့ ဖြစ်ပွားမှုနှုန်းဟာ အဆင့် ၇၀ခန့်မှာရှိနေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အချက်အလက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာအနေနဲ့ ကိုဗစ်ကူးစက်ခံရသူ ၇၆သန်းကျော်ရှိပြီး သေဆုံးသူ တစ်သန်း ခုနစ်သိန်းကျော်ရှိပြီဖြစ်ပါတယ်။
#Shortnews
#TheVoiceDaily #PSA