News

POST TYPE

VIDEO

စည်ပင်သာယာရေးကော်မတီဝင် ရွေးချယ်မှုအပေါ် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်
27-Jul-2016

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်မှာ စည်ပင်သာယာရေး ကော်မတီဝင်တွေ အသစ်ပြန်လည် ရွေးချယ်မှုနဲ့ပတ်သက်ပြီး မသမာမှုပြုတယ်ဆိုပြီး ဒီနေ့(ဇူလိုင် ၂၇ ရက်)မှာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်သူက ဘာတွေကို ထောက်ပြဝေဖန်ထားပါသလဲ။ မသမာမှုပြုတယ်ဆိုတာ ဘယ်လိုတွေပါလဲ။ ဆိပ်ကမ်းမြို့မိမြို့ဖ ဥက္ကဋ္ဌဖြစ်သူက ဘယ်လို သုံးသပ် ပြောဆိုထားပါသလဲ။ မြို့နယ်ဒုတိယဦးစီးမှူးနဲ့ စာရေးတို့က ဘယ်လိုတုံ့ပြန် ပြောဆိုထားပါသလဲ။
တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်မှု ရုပ်သံအစီအစဉ်ကို The Voice ပရိသတ်များအတွက် စီစဉ်တင်ဆက်ပေးလိုက်ပါတယ်...။
ရုပ်သံရိုက်ကူး - တင်ဇော်ဦး