POST TYPE
VIDEO
ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
08-Sep-2016
ဒီနေ့အတွက် YouTube မှာ ရေပန်းစား နေတာကတော့ iPhone 7 မိတ်ဆက် ဗီဒီယိုတွေပါပဲ။
စက်တင်ဘာ ၇ ရက်နေ့မှာ မိတ်ဆက်လိုက်တဲ့ iPhone 7 နှစ်မျိုးကို ကမ္ဘာတဝန်းလုံးက စိတ်ဝင်စားမှု မြင့်တက်လျက် ရှိနေပါတယ်။
Apple ရဲ့ မျိုးဆက်သစ် ဖုန်းမော်ဒယ်လ်တွေ ဖြစ်လာတဲ့ iPhone 7 နဲ့ 7 Plus တို့ဟာ ဒီဇိုင်းနဲ့ အရွယ်အစားပိုင်းမှာ အခြေခံအားဖြင့် ယမန်နှစ်က ထွက်ခဲ့တဲ့ iPhone 6s ၊ 6s Plus တို့နဲ့ တူညီပေမယ့် ရေစိမ် ခံနိုင်ခြင်း၊ နားကြပ်ပေါက် မပါဝင်ဘဲ ကြိုးမဲ့ နားကြပ်နဲ့ နားဆင်ရမှာဖြစ်ခြင်းနဲ့ မှန်ဘီလူး နှစ်ခုပါဝင်တဲ့ ကင်မရာတို့ ပါဝင်ခြင်းတို့လို အဆင့်မြင့် စွမ်းဆောင်ရည်တွေကြောင့် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
ဒါကြောင့်ပဲ iPhone အသစ် မိတ်ဆက်ပွဲကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေဟာလည်း YouTube မှာ လူကြည့်များလျက် ရှိနေပါတယ်။
iPhone 7 မိတ်ဆက်ပွဲ ဗီဒီယိုတွေထဲကမှ The Verge က တည်းဖြတ်ပြီးတင်ထားတဲ့ ၉ မိနစ်သာ ကြာမြင့်တဲ့ ဗွီဒီယိုဖိုင်ကိုတော့ အောက်ကလင့်ခ်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021