News

POST TYPE

VIDEO

ရန်ကုန်မြို့မှာ အလုပ်သွား အလုပ်ပြန် အချိန်တွေကို ဘယ်လိုဖြတ်ကျော်နေရသလဲ
08-Sep-2016

မြန်မာနိုင်ငံရဲ့ လူဦးရေ အထူထပ်ဆုံးလည်းဖြစ်၊ စီးပွားရေး မြို့တော်လည်းဖြစ်တဲ့ ရန်ကုန်မြို့တော်မှာ ယာဉ်ကြောပိတ်ဆို့မှုတွေဟာ ပိုမိုဆိုးရွားလာနေတာပါ။

ဒီပြဿနာကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ဖြေရှင်းနိုင်ဖို့ နည်းလမ်းများစွာ လုပ်ဆောင်နေပေမယ့် လက်ရှိအချိန်ထိတော့ ပြေလည်ခြင်း မရှိသေးပါဘူး။

ထိုသို့ ယာဉ်ကြောပိတ်ဆို့မှု၊ အလုပ်သွား အလုပ်ပြန် ကြုံတွေ့နေရတဲ့ အခက်အခဲများနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့တွင်းမှာ နေ့စဉ် လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ခရီးသွားပြည်သူများက ဘယ်လိုတွေ သုံးသပ်ပြောဆိုထားပါသလဲ။

ရန်ကုန်မြို့ရဲ့ နေ့စဉ် တွေ့ကြုံနေရတဲ့ ယာဉ်ကြောပိတ်ဆို့မှု၊ ဘတ်စ်ကားစီး ခရီးသည်များ သွားလာရေး ခက်ခဲမှုတွေနဲ့ ပတ်သက်ပြီး The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်။