News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
07-Sep-2016

ဟိုတယ်တွေဟာ သူတို့ရဲ့ အခန်းတွေ ဘယ်လောက် သန့်ရှင်းကြောင်း ဂုဏ်ယူစွာနဲ့ ကြော်ငြာလေ့ ရှိကြပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာ အဲဒီလို သန့်ရှင်းတယ် ဆိုတာက အပြင်ပန်းပဲ သန့်ရှင်းတာလား၊ တကယ်ပဲ သန့်ရှင်းတာရော ဟုတ်ရဲ့လား ဆိုတာကို သံသယ ဝင်သူတွေ ရှိပါတယ်။

အဲဒီလို သံသယ ဝင်သူတွေထဲကမှ The Geat Thompson - The Kind Of Random ဆိုတဲ့အမည်နဲ့ YouTube channel တစ်ခု ဖွင့်လှစ်ထားသူကတော့ သူ့ရဲ့ ဇနီးနဲ့အတူ ဟိုတယ်ခန်းတွေကို UV ဓါတ်မီးတွေ ယူသွားပြီး မမြင်ရတဲ့ အညစ်အကြေးတွေ ရှိနေသလားဆိုတာ လက်တွေ့ စမ်းသပ် ကြည့်ခဲ့ပါတယ်။

အဲဒီလို လက်တွေ့ စမ်းသပ်ကြည့်ရာမှာ ဘာတွေ တွေ့ခဲ့ရတယ် ဆိုတာကိုတော့ အောက်က ဗွီဒီယိုမှာ ကိုယ်တိုင်သာ ဝင်ရောက် ကြည့်ရှု လိုက်ပါတယ်။

၅ မိနစ်ကျော် ကြာမြင့်တဲ့ ဒီဗွီဒီယိုဟာ တစ်ရက်အတွင်းမှာ ကြည့်ရှုသူ ၆ သိန်းကျော် ရှိနေပြီဖြစ်ပါတယ်။


  • VIA