News

POST TYPE

VIDEO

မန္တလေးမြို့၌ နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရ (ရုပ်/သံ)
06-Sep-2016

မန္တလေး၊ စက်တင်ဘာ ၆

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ နေအိမ်တစ်ခုမှာ ဒီနေ့ (စက်တင်ဘာ ၆ ရက်) နံနက်ပိုင်းက အမျိုးသမီးတစ်ဦး တည်းရှိနေစဉ် အမျိုးသားနှစ်ဦးက ဓားနဲ့ ဝင်ခုတ်ကာ ရွှေနဲ့ ငွေများကို လုယူခဲ့ပါတယ်။

လုယက်ခံရသူ မိသားစုရဲ့ လုပ်ငန်းခွင်မှာ အရင်က ၁၄ ရက်ခန့် အလုပ်လုပ်ခဲ့ဖူးတဲ့ အမျိုးသားတစ်ဦးနဲ့ အခြားအမျိုးသားတစ်ဦးတို့က နေအိမ်အတွင်း ဝင်ရောက်ကာ ဓားနဲ့ထိုးနှက်ပြီး ရွှေဆွဲကြိုး၊ ဆွဲသီးနှင့် ငွေတို့ကို လုယူသွားခဲ့ကြတယ်လို့ အောင်မြေသာစံမြို့နယ် အမှတ် (၄) နယ်မြေရဲစခန်းက ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

ဓားနဲ့အခုတ်ခံခဲ့ရတဲ့ အမျိုးသမီးမှာ ရင်ဘတ်၊ ဝဲဘက် နံကြား၊ လက်မောင်းတို့တွင် ပြက်ရှဒဏ်ရာများ ရရှိခဲ့တဲ့အတွက် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့တင်ပို့ ကုသထားရပါတယ်။

အဲဒီ့လို ဓားပြတိုက်ခံရခြင်းနဲ့ ပတ်သက်ပြီး အမှတ် (၄) နယ်မြေစခန်းက စခန်းမှူး ရဲအုပ်မြတ်ကျော်သူနဲ့ လုယက်ခံရသူရဲ့ ဆွေမျိုးများ ပြောဆိုထားချက်များတွေကို The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်။


ရုပ်သံရိုက်ကူး - မောင်သန့်