News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
05-Sep-2016

ဒီနေ့အတွက် ညွှန်းပေးချင်တဲ့ YouTube ဗီဒီယိုကတော့ အမေရိကန် ပေါ့ပ်ဘုရင်မှ ဘီယွန်းစ်ရဲ့ အသစ်ထွက် ဂီတဗီဒီယို တစ်ခုပဲ ဖြစ်ပါတယ်။

ဘီယွန်းစ်က မနေ့တုန်းက ကျရောက်တဲ့ သူ့ရဲ့ ၃၅ နှစ်မြောက် မွေးနေ့မှာ Hold Up ဆိုတဲ့ သီချင်းရဲ့ ဂီတဗွီဒီယိုကို YouTube မှာ တရားဝင် တင်ပေးလိုက်တာပါ။

Hold Up ဟာ ဘီယွန်းစ်ရဲ့ အသစ်ထွက် အယ်လ်ဘမ် Lemonade ထဲက သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

မကြာသေးမီက ကျင်းပခဲ့တဲ့ MTV VMA ဆုပေးပွဲမှာ စုစုပေါင်း ဆု ၈ ဆုအထိ ရရှိခဲ့တဲ့ ဘီယွန်းစ်ရဲ့ Hold Up ဗီဒီယိုဟာ တင်ထားတာ တစ်ရက် မပြည့်သေးခင်မှာပဲ ကြည့်ရှု့သူ ၂ သန်းနီးပါး ရှိနေပြီဖြစ်ကာ သန်းရာဂဏန်းထိ ရောက်ရှိ သွားလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။


  • VIA