News

POST TYPE

VIDEO

ဒီနေ့ YouTube မှာဘာခေတ်စားနေလဲ
04-Sep-2016

ဗီဒီယိုဂိမ်းတွေ ခေတ်ဦးကတည်းက ကမ္ဘာတစ်ဝန်း စွဲစွဲလန်းလန်း ကစားခဲ့ကြရတဲ့ အပစ်အခတ်ဂိမ်း Call Of Duty ရဲ့ အသစ်ထွက်မယ့် ဂိမ်းကြော်ငြာ ဗီဒီယိုက ဒီနေ့ YouTube မှာ လူကြည့်များတဲ့ ဗီဒီယို တစ်ခု ဖြစ်နေပါတယ်။

Call of Duty : Infinite Warfare လို့ အမည်ရတဲ့ ဂိမ်းရဲ့ တရားဝင် ကြော်ငြာ ဗွီဒီယိုကို မနေ့တုန်းက YouTube မှာ စတင်ကြည့်ရှု လာရတာဖြစ်ပြီး လက်ရှိအချိန်မှာ ကြည့်ရှု့သူ ၁ သန်းကျော်နေပြီဖြစ်ပါတယ်။

Call of Duty: Infinite Warfare ကို Activision ကနေပြီး လာမယ့် နိုဝင်ဘာ၊ ၄ ရက်နေ့မှာ စတင်ဖြန့်ချီမှာ ဖြစ်ပြီး စတင် ထွက်ရှိတဲ့အချိန်မှာ Playstation 4, X box One နဲ့ Windows တို့အတွက် ဖြန့်ချီသွားမှာပါ။



  • VIA