POST TYPE
VIDEO
ပြည်တွင်းလက်ဝှေ့ဈေးကွက်ကို နိုင်ငံတကာ တိုက်ခိုက်ရေး အားကစားပွဲတွေ ဝင်ရောက်လာမှုက မြန်မာ့ရိုးရာ လက်ဝှေ့ရပ်တည်ရေးအတွက် အဓိကပြိုင်ဘက် ဖြစ်လာနေပါပြီ။
စင်ကာပူ အခြေစိုက် One Championship အဖွဲ့က ကိုယ်ခံပညာပေါင်းစုံသုံး တိုက်ခိုက်ရေး MMA ပြိုင်ပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပလာတဲ့အပြင် ဂျပန်ရိုးရာ နပမ်းအားကစားနည်းစနစ်အတိုင်း ယှဉ်ပြိုင်ရတဲ့ ကိုယ်ခံပညာ ပေါင်းစုံသုံး တိုက်ခိုက်ရေး အားကစားနည်းတွေကလည်း ပြည်တွင်းဈေးကွက်ကို နယ်ချဲ့ဝင်ရောက်လာနေပါပြီ။
အဲဒီ့လို အခြေအနေမျိုးမှာ မြန်မာ့ရိုးရာလက်ဝှေ့ရဲ့ ရပ်တည်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ မြန်မာ့ရိုးရာ လက်ဝှေ့ဈေးကွက်ဟာ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါသလဲ။ အစိုးရရဲ့ ထောက်ပံ့မှု၊ စပွန်ဆာရရှိမှု အခြေအနေတွေကရော ဘယ်လိုရှိပါသလဲ။
မြန်မာ့ရိုးရာလက်ဝှေ့အပေါ် သက်ရောက်လာနေတဲ့ စိန်ခေါ်မှု၊ အခက်အခဲများနဲ့ ပတ်သက်ပြီး မြန်မာပြည် အလွတ်တန်းချန်ပီယံ ထွန်းထွန်းမင်းနဲ့ The Voice က တွေ့ဆုံမေးမြန်းထားပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021