News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
31-Aug-2016

ဒီနေ့အတွက် လူအကြည့် အများဆုံး ဗီဒီယိုတွေထဲက တစ်ခုဖြစ်တဲ့ တစ်ပေခွဲလောက်ရှိတဲ့ ဧရာမ ပက်ကျိကြီးကို ရှာတွေ့တဲ့ ဗီဒီယိုအကြောင်း ဝေမျှချင်ပါတယ်။

ထူးထူးခြားခြား ရေနေသတ္တဝါတွေကို ရှာဖွေတဲ့ Beyond the Tide အစီအစဉ်ကနေ နောက်ဆုံး တင်ဆက်ထားတာ ဖြစ်ပြီး ရေနေ သတ္တဝါတွေအကြောင်း ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ အာရွန်ဆန်းချက်စ်နဲ့ အစီအစဉ် တင်ဆက်သူ ကိုင်အိုတီတို့ဟာ အကြီးစား ပက်ကျိတွေကို ရှာဖွေရင်း ဒီဧရာမ ပက်ကျိကြီးကို ရှာတွေ့ခဲ့ပါတယ်။

ပေါင်သုံးဆယ်လောက်တဲ့ အလေးချိန် ရှိပြီး နက်မှောင် တောက်ပနေတဲ့ Black Sea Hare အမည်ရှိ ပင်လယ် ပက်ကျိဟာ ကမ္ဘာပေါ်မှှှာ အကြီးဆုံး ပက်ကျိ အမျိုးအစား ဖြစ်ပြီး အမေရိကန်နိုင်ငံရဲ့ ပစိဖိတ် ကမ်းရိုးတန်း တစ်လျှောက်မှာ တွေ့နိုင်တယ်လို့ ဆိုပါတယ်။


သူတို့ရဲ့ နားရွက်ဟာ ယုန်နားရွက်လို ကြီးမားတာကြောင့် Sea Hare လို့ ခေါ်ဝေါ်ကြတာဖြစ်ပြီး ပင်လယ်ရဲ့ အံ့သြဖွယ်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီဗီဒီယိုဟာ တင်ထားတာ တစ်ရက် မပြည့်သေးခင်မှာပဲ ကြည့်ရှုသူ ငါးသိန်းခွဲနီးပါး ရရှိထားပါတယ်။



  • VIA