News

POST TYPE

VIDEO

စည်းကမ်းချိုးဖောက်တဲ့ ယာဉ်တွေကို တကယ်အရေးယူနိုင်ပါ့မလား
31-Aug-2016


ယာဉ်ကြော ပိတ်ဆို့မှု အလွန်အမင်းဖြစ်ပေါ်နေတဲ့ ရန်ကုန်မြို့တော်မှာ ယာဉ်ကြောကြပ်တည်းမှုတွေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာနေပါတယ်။ 


ရန်ကုန်တိုင်းဒေသကြီး အစိုးရကလည်း ယာဉ်ကြောပိတ်ဆို့မှု ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။ 


ယာဉ်ကြောပိတ်ဆိုရတဲ့ အကြောင်းအရင်းတွေထဲမှာ ယာဉ်စည်းကမ်း ချိုးဖောက်မှုတွေက အဓိကပြဿနာ တစ်ရပ်ဖြစ်နေတယ်လို့ သုံးသပ်နေကြတာတွေလည်း ရှိပါတယ်။


အဲဒီ့လိုနေ့စဉ်နဲ့အမျှ ယာဉ်ကြောကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့အပေါ် ယာဉ်မောင်းတွေက ဘယ်လိုတွေ သုံးသပ်ဝေဖန်ထားပါသလဲ။


ယာဉ်ကြောကြပ်တည်းမှုကို အဓိကဖြစ်ပေါ်စေတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုတွေကိုရော ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ဘယ်လိုအရေးယူသွားမယ်လို့ ပြောဆိုထားပါသလဲ။


ရန်ကုန်မြို့တော်တွင်းက နေ့စဉ်ကြုံတွေ့နေရတဲ့ ယာဉ်ကြောကြပ်တည်းမှုတွေနဲ့ပတ်သက်ပြီး The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်လိုက်ရပါတယ်။



  • VIA