News

POST TYPE

VIDEO

ဒီနေ့ YouTube မှာဘာခေတ်စားနေလဲ
30-Aug-2016

ဒီနေ့အတွက် YouTube မှာ လူကြည့်များနေတာကတော့ သြဂုတ်လ၊ ၂၈ ရက်နေ့တုန်းက မန်ဟက်တန်မှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ခုနှစ် MTV ဂီတဆုပေးပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့တဲ့ ဗွီဒီယိုဖိုင်တွေပဲ ဖြစ်ပါတယ်။

အဲဒီဗွီဒီယို ဖိုင်တွေထဲမှာမှ အမေရိကန် ပေါ့ပ်အဆိုတော် အရီယာနာဂရန်ဒီနဲ့ အမျိုးသမီး ရက်ပ်အဆိုတော် နီကီမင်နက်ချ်တို့ နှစ်ယောက်တွဲဖက် ဖျော်ဖြေမှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုက ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

အရီယာနာဂရန်ဒီနဲ့ နီကီမင်နက်ချ်တို့ဟာ Side to Side ဆိုတဲ့သီချင်းနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတာပါ။

သူတို့နှစ်ယောက်ရဲ့ အဆိုပ ါဖျော်ဖြေတင်ဆက်မှု ဗွီဒီယိုဟာ တစ်ရက်အတွင်းမှာတင် ကြည့်ရှု့သူ ၅ သန်းကျော်အထိ ရရှိထားပြီးပြီ ဖြစ်ပါတယ်။

၃ မိနစ်ကျော်သာ ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ကြည့်ရှု့နိုင်ပါတယ်။