News

POST TYPE

VIDEO

ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
29-Aug-2016

လူတိုင်းအတွက် စိတ်ဝင်စားစရာကောင်း ဗဟုသုတလည်း ရပြီး လက်တွေ့လည်း အသုံးတည့်မယ့် ဗီဒီယို တစ်ခု၊ လွန်ခဲ့တဲ့ တစ်ရက်လောက်က You Tube မှာ တင်ထားပြီး ကြည့်ရှုသူ တစ်သန်းကျော်တောင် ရှိနေပါတယ်။

အဲဒါကတော့ မီးဖိုခန်းသုံး နဲ့ အိမ်သုံး ကိရိယာ တန်ဆာပလာ ဆယ်မျိုးကို ဘယ်လို သုံးရမလဲ ဒါတွေ သုံးလိုက်လို့ ဘယ်လို အကျိုးရှိသွားလဲ ဆိုတာကို လက်တွေ့ သရုပ်ပြထားတဲ့ ဗီဒီယို ဖြစ်ပါတယ်။

မီးဖိုချောင်သုံး နဲ့ အိမ်သုံး ပစ္စည်းတွေ စုံစုံလင်လင် ရှိတဲ့ ကုန်တိုက်တွေ စတိုးဆိုင်တွေကို ရောက်သွားတဲ့အခါ စိတ်ဝင်စားစရာ ကောင်းတဲ့ ပစ္စည်း ကိရိယာလေးတွေကို အစုံအလင် တွေ့ကြမှာပါ။ အဲဒီထဲမှာ သင်သုံးဖူးတဲ့ ပစ္စည်းတွေပါပေမယ့် တော်တော်များများကေ

တာ့ ဘယ်လို သုံးရမှန်းမသိတဲ့ တန်ဆာပလာတွေ ဖြစ်နေတာကို ဈေးဝယ်သူတွေ အထူးသဖြင့် အိမ်ထောင်ရှင် အမျိုးသား အမျိုးသမီးတွေ ကြုံတွေ့ကြဖူးပါလိမ့်မယ်။

ဒီဗီယိုထဲမှာ စလောင်းဖုံးကို တပ်တဲ့ လက်ကိုင်အပို၊ သစ်သီးအကျန်သိမ်းတဲ့ခွက်၊ ရေခဲသေတ္တာ မျက်နှာပြင်မှာတပ်တဲ့ ဘား၊ ကြက်သွန်ကြိတ်တဲ့ ကိရိယာ စတဲ့ တိုလီမုတ်စ ဖြစ်ပေမယ့် တကယ် သုံးတယ်ရင် အတော်လေး အသုံးဝင်ပြီး အိမ်တွင် လုပ်ငန်း ဆောင်တာတွေမှာ ပိုမို လွယ်ကူသွားစေတဲ့ ပစ္စည်းတွေကို သရုပ်ပြထားပြီး ဆယ့်လေးမိနစ်ခန့် ကြာမြင့်ပါတယ်။



  • VIA