News

POST TYPE

VIDEO

မြန်မာ ယူ-၁၉ ခြေစွမ်းကျဆင်း
28-Aug-2016

၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့ပြီး မြန်မာနိုင်ငံသားတွေ တစ်ခဲနက် အားပေးမှု ရရှိခဲ့တဲ့ ယူ-၂၀ ဘောလုံးအသင်းဟာ ယူ-၁၉ ကစားသမားတွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

အဲဒီ့ ယူ-၁၉ အသင်း ကစားသမားတွေရဲ့ ခြေစွမ်းကောင်းမွန်မှုအပေါ် ဘောလုံးလောကက ကျေနပ်လက်ခံခဲ့ကြပါတယ်။

အခုအသစ်ဖွဲ့စည်းလိုက်တဲ့ ယူ-၁၉ အသင်းရဲ့အခြေအနေကရော ဘယ်လိုရှိပါသလဲ။ ယူ-၁၉ အသင်းအပေါ် မြန်မာဘောလုံးပရိသတ်နဲ့ အားကစား ကလောင်ရှင်တို့ရဲ့ စိတ်ကျေနပ်မှုကရော ဘယ်လိုရှိပါသလဲ။

မြန်မာ ယူ-၁၉ ဘောလုံးအသင်းရဲ့လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး အသင်းတာဝန်ရှိသူ၊ အားကစား ကလောင်ရှင်တို့ကရော ဘယ်လိုတွေ သုံးသပ်ထားပါသလဲ။

လက်ရှိ ယူ-၁၉ အသင်း ခြေစွမ်းနဲ့ ပတ်သက်ပြီး The Voice က ရုပ်သံအစီအစဉ်အဖြစ် စီစဉ်တင်ဆက်ပေးလိုက်ပါတယ်။