POST TYPE
VIDEO
ဒီနေ့ YouTube မှာ ဘာခေတ်စားနေလဲ
28-Aug-2016
ဒီနေ့ YouTube မှာ လူကြည့်အများဆုံး ဖြစ်နေတာကတော့ တစ်ချိန်က အမေရိကန် ပေါ့ပ်ဘုရင်မ နေရာကို ရယူခဲ့ဖူးပြီး လက်ရှိအချိန်ထိလည်း အောင်မြင်နေဆဲ ဖြစ်တဲ့ ဘရစ်တနီစပီးယားစ် တစ်ယောက် ကားပေါ်မှာ ကာရာအိုကေသီဆိုပုံ ဗွီဒီယိုပဲ ဖြစ်ပါတယ်။
ဘရစ်တနီစပီးယားစ်ဟာ နာမည်ကျော် အမေရိကန် ရုပ်သံအစီအစဉ် Late Late Show ရဲ့ ကဏ္ဍတစ်ခုဖြစ်တဲ့ Carpool Karaoke အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူ ဂျိမ်းစ်ကော်ဒွန်နဲ့အတူ ကားလိုက်စီးရင်း ကားပေါ်မှာ သူမရဲ့ နာမည်ကြီး သီချင်းတွေကို သီဆိုခဲ့သလို၊ သူမရဲ့ ဘဝဇာတ်ကြောင်းကိုလည်း ဖောက်သည်ချခဲ့တာကို ဒီဗွီဒီယိုမှာ တွေ့မြင်ရမှာပါ။
ဘရစ်တနီစပီးယား ရဲ့ Carpool Karaoke ဗွီဒီယိုဟာ တစ်ရက်အတွင်းမှာတင် ကြည့်ရှု့သူ ၁၂ သန်း ရရှိတဲ့အထိ လူကြည့်များလျက် ရှိပါတယ်။
၁၀ မိနစ်နီးပါး ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
- VIA
- Voice Admin
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021