News

POST TYPE

VIDEO

SAI COSMETICS ရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့ SAI နှုတ်ခမ်းနီကို အောက်တိုဘာ ၉ ရက်မှာ ဖြန့်ချိပေးမယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်
28-Aug-2016

ရန်ကုန်၊ ဩဂုတ် ၂၈

နာမည်ကျော် ဟစ်ဟော့ပ်အဆိုရှင် စိုင်းစိုင်းခမ်းလှိုင်က ကိုယ်တိုင် တည်ထောင်ထားတဲ့ SAI Cosmetics ကနေပြီး SAI နှုတ်ခမ်းနီကို အောက်တိုဘာ ၉ ရက်မှာ စတင် ဖြန့်ချိပေးမှာဖြစ်ကြောင်း ယနေ့ (ဩဂုတ် ၂၈ ရက်)မှာ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ Facebook ကနေတစ်ဆင့် ကြော်ငြာခဲ့ပါတယ်။

“ဒါက ကျွန်တော့်ဘဝမှာ အနုပညာနဲ့ မသက်ဆိုင်ဘဲ ပထမဆုံး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းလည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ SAI Cosmetics ကနေ ပထမဆုံး ထွက်လာမယ့် ကုန်ပစ္စည်းက နှုတ်ခမ်းနီ ဖြစ်ပါတယ်။ ဒီနှုတ်ခမ်းနီကို Sexy And Intelligent လို့ အမည် ပေးထားပါတယ်”လို့ မကြာမီ ထွက်ရှိလာမယ့် နှုတ်ခမ်းနီနဲ့ ပတ်သက်ပြီး ၎င်းက ထပ်လောင်း ပြောဆိုပါတယ်။

ယင်းနှုတ်ခမ်းနီကို Serie အလိုက် ထုတ်လုပ်သွားမှာဖြစ်ပြီး ပထမဆုံးအကြိမ် ထုတ်လုပ်မှုမှာတော့ နှုတ်ခမ်းနီအရောင် သုံးရောင် ပါဝင်မှာ ဖြစ်ကြောင်း၊ နောက်ပိုင်းကျရင်တော့ အရောင်တွေရဲ့ နာမည်ကို တစ်ခုချင်း ထုတ်ပြန်ကြော်ငြာ ပေးသွားမှာဖြစ်ကြောင်း စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

“ဒီနှုတ်ခမ်းနီက အောက်တိုဘာ ၉ ရက်မှာ ပရိသတ် လက်ထဲကို စပြီးတော့ ရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီနေ့ နေ့လယ်ပိုင်းမှာ Junction Square မှာ ကုန်ပစ္စည်း မိတ်ဆက်ပွဲလေးလည်း လုပ်ဖို့ရှိပါတယ်။ ဒီနှုတ်ခမ်းနီရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ကတော SAI Cosmetics ဆိုတဲ့ Facebook Page မှာ မေးခွန်းတွေ မေးလို့ရပါတယ်။ ကျွန်တော့်ရဲ့ နှုတ်ခမ်းနီက ကိုရီးယားမှာ ထုတ်လုပ်တာ ဖြစ်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။



  • VIA