News

POST TYPE

VIDEO

ဒီနေ့ You Tube မှာ ဘာခေတ်စားနေလဲ
27-Aug-2016

ထိတ်လန့်ခြောက်ခြားဖွယ်ရာ လျှို့ဝှက်သည်းဖိုရုပ်ရှင် The Ring ရဲ့ တတိယမြောက်ဇာတ်ကား ဖြစ်တဲ့ Rings အတွက် Official Trailer အသစ် ထပ်ထွက်ထားပါတယ်။

Horror Movie တွေကြား အောင်မြင်မှု ရရှိခဲ့တဲ့ နာမည်ကျော် The Ring နဲ့ Ring Two ရဲ့ အဆက် Rings ကို လာမယ့် အောက်တိုဘာလကုန်မှာ ကမ္ဘာတစ်ဝန်းမှာ စရုံတင်တော့မှာပါ။

ဒီ Trailer ထဲမှာတော့ အဓိကဇာတ်ဆောင် မင်းသမီးလို့ ယူဆရတဲ့ ဂျူလီယာဟာ စိုးရိမ်သောက ရောက်နေတဲ့ သူ့ချစ်သူအတွက် စိတ်ပူပြီး အဖြစ်မှန်ကို ရှာဖွေဖို့အတွက် သူ့ချစ်သူပြောတဲ့ ဗီဒီယိုတစ်ခုကို သွင်းဖွင့်ကြည့်ခဲ့ပါတယ်။ ခြောက်ခြားဖွယ်ရာကောင်းတဲ့ ဒီဗီဒီယိုထဲမှာ ဒါကိုကြည့်တဲ့သူဟာ ခုနစ်ရက်ကြာရင် သေမယ်လို့ ဖော်ပြထားပါတယ်။ ကြည့်ပြီးတဲ့နောက်မှာတော့ သွေးပျက်စရာ အဖြစ်အပျက်တွေကို သူကိုယ်တိုင် တစ်ရက်ပြီးတစ်ရက် ကြုံတွေ့လာရပါတော့တယ်။

လွန်ခဲ့တဲ့ နှစ်ရက်ကတင်ခဲ့တဲ့ ဒီ Trailer ဟာ ကြည့်ရှုသူ လေးသန်းကျော်နေပါပြီ။