News

POST SECTION

TRAVEL-LOG

21-Jul-2018 tagged as
ပြတိုက်ကြီးများ၊ တောင်ကြီးများ၊ ရှုခင်းများ၊ ဘုရားကျောင်းကြီးများကို လည်ပတ်ရသည်အား ငြီးငွေ့လာသူများအတွက် ပေါ်တူဂီနိုင်ငံ ကွင်ဘရန် (Coimbra) မြို့တွင် စိတ်ကူးယဉ်ဆန်ဆန် တည်ဆောက်ထားသည့် မြို့တစ်မြို့ရှိသည်။ ထိုမြို့ကို Portugal do Pequenitos ဟုခေါ်သည်။ ပေါ်တူဂီမြို့လေးဟု အဓိပ္ပာယ်ရသည်။ လှပသောမြို့လေးကို ပုံစံတူ သေးသေးလေးတွေတည်ဆောက်ထားပြီး ဂါလီဗာခရီးထဲက လူ့ဘီလူးကြီးလိုပုံစံဖြင့် သေးငယ်သော အဆောက်အအုံလေးများကြားတွင် လျှောက်သွားနိုင်မည်ဖြစ်သည်။
14-Jul-2018 tagged as
ဩစတြီးယားနိုင်ငံမှ ဟောစတပ်မြို့ကို UNESCO အဖွဲ့က ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် နေရာတစ်နေရာအဖြစ် သတ်မှတ်ထားသည်။ တရုတ်နိုင်ငံတွင်လည်း ဟောစတပ်မြို့နှင့် အလွန်ဆင်တူသော မြို့တစ်မြို့ရှိပြီး တရုတ်ဟောစတပ်ဟု ထင်ရှားသည်။
07-Jul-2018 tagged as
ကျွန်းနိုင်ငံကို လည်ပတ်ဖို့ဆိုတာ ၁၀ ရက်နဲ့ ၁၂ ရက်လောက်အချိန်ရရင် အတော်လေးနှံ့စပ်နိုင်ကောင်းပါတယ်။ အချို့ဆိုရင် တစ်လလောက်ကို ဗီဇာယူပြီး လည်ပတ်နေတာတွေတောင်ရှိကြောင်း သိရတယ်။ နိုင်ငံတကာကလာရောက်တဲ့ ဧည့်သည်အများစုဟာ မြို့တော်ဂျာကာတာကို အရင်ဆုံး လေယာဉ်နဲ့လာပြီးတော့မှ သူတို့သွားချင်တဲ့နေရာတွေကို သွားကြတာများတယ်။
30-Jun-2018 tagged as
ဟနွိုင်းမြို့ဟာ အစားအသောက်၊ လေ့လာစရာ၊ ယဉ်ကျေးမှုအစုံကို ညဥ့်နက်သည့်တိုင်အောင် လေ့လာမကုန်နိုင်တဲ့ နေရာတစ်နေရာပါ။ ဗီယက်နမ်ဟနွိုင်းကိုရောက်ခဲ့ရင် လုပ်စရာလည်စရာတွေ အများကြီး ရှိနေပါတယ်။
16-Jun-2018 tagged as
ဗာ့ဒ်အငူဆိုတဲ့ ကျွန်းလေးဟာ အာဖရိကတိုက် အနောက်ဘက်ကမ်းရိုးတန်းမှာ ရှိပါတယ်။ မိုင် ၃၅၀ ပတ်လည်လောက်ကျယ်ဝန်းတဲ့ ကျွန်းစုပေါင်း ၁၀ ခု လောက်ဝန်းရံထားတဲ့ လှပသောဒေသတစ်ခု ဖြစ်ပါတယ်။ ပင်လယ်ကမ်းခြေအလှနဲ့ သဘာဝစွန့်စားခန်း ခရီးတွေကို ကြိုက်တဲ့သူတွေအတွက် သွားသင့်တဲ့နေရာပေါ့။ ဒေသခံတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုဓလေ့တွေ၊ ၁၅ ရာစုလောက်ကတည်းက စိုးမိုးခဲ့တဲ့ ပေါ်တူဂီတို့ရဲ့ လက်ရာတွေကို လေ့လာဖို့ အကောင်းဆုံးနေရာတွေလို့ ဆိုရမယ်။
09-Jun-2018 tagged as
ကနေဒါနိုင်ငံဟာ ဆောင်းရာသီချိန်ပိုများတဲ့ နိုင်ငံပါ။ ဇွန်လဟာ ကနေဒါမှာ နေလို့အကောင်းဆုံးအချိန်ပဲ။ ရာသီဥတုက ပူနွေးတဲ့နွေရာသီကို ရောက်လာပြီလေ။ နွေရောက်လာပြီဆိုတော့ ပွဲလမ်းတွေလည်း ပိုများလာတယ်။ ရေခဲပြင်လျှောစီးတဲ့ စခန်းတွေ၊ တောင်တက်တဲ့ခရီးတွေ ခေတ္တနားထားပြီး စက်ဘီးနဲ့ ခရီးသွားရတဲ့ လုပ်ငန်းတွေပြန်စလာတယ်။
02-Jun-2018 tagged as
အီတလီနိုင်ငံ ရောမမြို့တွင်ရှိသည့် ၁၇ ရာစု ခေတ်က ဘုရားကျောင်းကြီးဖြစ်သည်။ ဘုန်းတော်ကြီး Antonio Barberini, Capuchin Franciscan, Pope Urban VIII တို့ ဦးစီးဦးဆောင်ပြုလုပ်ကာ ဆောက်ခဲ့သောဘုရားကျောင်းကြီးဖြစ်သည်။ ဒီဇိုင်းကို ဘုန်းတော်ကြီး Michele da Bergamo ကထုတ်ခဲ့သည်။ ကျောင်းတော်ကြီးအတွင်း ဂုဏ်သရေရှိပုဂ္ဂိုလ်များ၏ ကမ္ပည်းမှတ်တမ်းထိုးအုတ်ဂူများ၊ နာမည်ကျော် ပန်းချီကားများရှိသည်။ ထိုကျောင်းတော်ကြီး၏ စိတ်ဝင်စားစရာ အကောင်းဆုံးနေရာမှာ အောက်ထပ်ရှိ ဝတ်ပြုဆုတောင်းရာ ခန်းမကြီးဖြစ်သည်။
19-May-2018 tagged as
ခြင်ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဒုက္ခအပေးဆုံးသတ္တဝါဖြစ်သည်။ ကမ္ဘာပေါ်တွင် အန္တရာယ်အပေးဆုံးဟု သတ်မှတ်သည် ငါးမန်းက တစ်နှစ် ၁၀ ဦးနှုန်း သတ်နေသည်။ ရေမြင်းက တစ်နှစ် လူ ၅၀၀၊ ခွေး က တစ်နှစ် လူ ၂၅,၀၀၀၊ မြွေက လူ ၅၀,၀၀၀ ခန့် ဒုက္ခပေးနေသည်။
19-May-2018 tagged as
နိုင်ငံတိုင်းလိုလိုတွင် စိမ်းစိုသည့် မြက်ခင်းအလှများကို မြင်နိုင်သော်လည်း ကမ္ဘာပေါ်တွင် မြက်မရှိသည့် ထူးဆန်းသောနိုင်ငံတစ်နိုင်ငံလည်း ရှိနေသည်။ အပူပိုင်း သဲကန္တာရဒေသများတွင် မြက်မရှိဟုဆိုနိုင်သော်လည်း အစိမ်းရောင်မြက်သာ မရှိလျှင်နေရမည် မြက်ခြောက်တစ်မျိုးကတော့ ရှိကောင်းရှိနိုင်သည်။ ရေရှိမှ မြက်ပေါက်တတ်သည့် သဘာဝရှိသော်လည်း ရေရှိပြီး မြက်မပေါက်သည့်နိုင်ငံက ရှိနေသည်။
19-May-2018 tagged as
ကမ္ဘာပေါ်တွင် တံဆိပ်ခေါင်းကို ကိုယ့်နိုင်ငံ၏အမည်ကို ထည့်သွင်းရိုက်နှိပ်ခြင်းမရှိသည့် တစ်ခုတည်းသော နိုင်ငံမှာ ဗြိတိန်နိုင်ငံဖြစ်သည်။ ကမ္ဘာကိုလွှမ်းမိုးခဲ့သော နေမဝင်အင်ပါယာကြီးတစ်ခုဖြစ်ခဲ့သောကြောင့် ကမ္ဘာအနှံ့သုံးစွဲနိုင်စေရန် ရည်ရွယ်ခဲ့လေသလားမသိ။ တံဆိပ်ခေါင်း စုဆောင်းခြင်းကို ဝါသနာပါသူများအနေနှင့် ဗြိတိန်တံဆိပ်ခေါင်းများအကြောင်း သတိပြုမိချင်မှ ပြုမိကြပေလိမ့်မည်။
19-May-2018 tagged as
အချုပ်အခြာအာဏာပိုင်သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်ရန်အတွက် အစိုးရရှိရမည်ဟုဆိုကြသည်။ အစိုးရကသာ နိုင်ငံ၏အရေးအရာကိစ္စများကို ဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုလည်း ပြောကြသည်။ ၂၀၁၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ကမ္ဘာ့စံချိန်တင်နိုင်သည့်အဖြစ် တစ်ခုဖြစ်သွားသည်။ တရားဝင်အစိုးရအဖွဲ့ကို မထား၊ အစိုးရမရှိဘဲ ရပ်တည်နေနိုင်သည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်သွားခဲ့ရသည်။
19-May-2018 tagged as
နိုင်ငံတိုင်းလိုလိုတွင် စစ်တွေဖြစ်နေကြသည်။ ၂၀၁၇ ခုနှစ်အထိ စစ်ပွဲတွေရှိနေသေးသည်။ ၂၀၁၈ ခုနှစ် အထိလည်း မရပ်သေး။ စစ်တွေတိုက်ပြီး ကျူးကျော်မှုတွေလုပ်နေသည်။ အသက်ပေါင်းများစွာ ပေးနေကြရသည်။ လူပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြရသည်။
12-May-2018 tagged as
Kokoda ခရီးစဉ်သည် မိုင် ၆၀ ခန့်ရှိသော ခရီးလမ်းကြောင်းဖြစ်သည်။ ပူအိုက်ပြီး စွတ်စိုသည့် ဒေသခရီးစဉ်ဖြစ်သလို လမ်းခရီးတစ်လျှောက်တွင်လည်း ဒုက္ခပေးနိုင်မည့် တိရစ္ဆာန်တွေများစွာ ရှိနေသည်။ သားကောင်ကြီးများကို ရင်မဆိုင်ရသည့်တိုင် မျှော့နှင့် ကျွတ်များကိုတော့ အနည်းဆုံး ရင်ဆိုင်ရလိမ့်မည်။ ပါပူအာ နယူးဂီနီမြောက်ပိုင်းနှင့် တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက် တောလမ်းခရီးအဖြစ် ကမ္ဘာလှည့် ခရီးသွားအများ စိတ်ဝင်စားသည့် ခြေလျင်ခရီးလည်းဖြစ်သည်။
05-May-2018 tagged as ခရီးသွား
ဒန်ဒါ (Dendur) ဘုရားကျောင်းသည် အီဂျစ်တွင် တည်ဆောက်ခဲ့သည့် ကျောင်းဖြစ်သော်လည်း ယခု နယူးယောက်တွင် ပြန်လည်တည်ဆောက်ပြီး ပြသထားသည်။ ဘီစီ ၁၅ ရာစုခေတ်လောက်ကတည်းက အီဂျစ်တွင်တည်ဆောက်ခဲ့ပြီး ရောမအင်ပါယာတွင် ဩဂတ်စတပ် ဆီဇာမင်းအုပ်စိုးစဉ်ခေတ်က ဘုရားကျောင်းဖြစ်ခဲ့သည်။
05-Apr-2018 tagged as
ဂျပန်နိုင်ငံသည် ဆာမူရိုင်းဓားများကြောင့် နာမည်ကျော်သည်။ ပွဲတော်နှင့် အစားအသောက်တွေကလည်း ထူးခြားသလို နည်းပညာကလည်း အဆင့်မြင့်သည်။ ထို့ပြင် ဂျပန်တွင် ထိတ်လန့်စရာနေရာတွေလည်း ရှိသည်။ လင်းပိုင်သတ်သည့်နေရာများနှင့် ဖူကူရှီးမား နျူကလီးယားစက်ရုံနေရာများ ဖြစ်သည်။ ထို့ပြင် ငလျင်ဒဏ်ခံရသည့်နေရာများ၊ ဆူနာမီလှိုင်းဒဏ်ခံရသည့် နေရာများလည်း ရှိသေးသည်။