News

21-Jan-2019
ဦးသောင်းတင် - ဒုတိယဝန်ကြီး (ငြိမ်း) (KMD ကွန်ပျုတာသင်တန်း တည်ထောင်သူ)ရဲ့ ပြောကြားကောက်နုတ်ချက်
19-Dec-2018
“မဲထည့်တဲ့ ပြည်သူတွေက လူကိုကြည့်ပြီးတော့ မဲထည့်တဲ့သူတွေလည်း ရှိမယ်၊ ပါတီကိုကြည့်ပြီးတော့ မဲထည့်သူတွေလည်း ရှိမယ်၊ သို့သော်လည်း ကိုယ်စားလှယ်တစ်ဦး လွှတ်တော်ထဲ ရောက်သွားပြီ၊ ပြည်သူက လွှတ်တော်ထဲပို့လိုက်ပြီဆိုရင် ကျွန်တော်အမြင်က ဒါပါတီကိုယ်စားလှယ်မဟုတ်တော့ဘူး၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သွားပြီး လက်ရှိ လွှတ်တော်ထဲမှာ ထိုင်နေတဲ့သူတွေက အခုထိ ပြည်သူ့ကိုယ်စားလှယ်မဖြစ်ပဲနဲ့ ပါတီကိုယ်စားလှယ်ဖြစ်နေတဲ့သူတွေ ရှိနေတုန်းပဲ”
19-Dec-2018
“လူ့အခွင့်အရေးဖြစ်လို့ သူများတွေ လိင်တူချင်းချစ်တာကို အကုန်လုံး အားပေးရမယ်ဆိုပြီးတော့ လူအခွင့်အရေး ကြေညာစာတမ်းထဲမှာ ဘယ်နေရာမှ မပါဘူး၊ ဒါပေမယ့် လူတစ်ဦးရဲ့ အခွင့်အရေးအပေါ်မှာ ကိုယ့်ကသွားပြီးတော့ အနာတရ မဖြစ်စေဖို့ရန်အတွက်က ဒါလူတစ်ဦးရဲ့ တာဝန်ယူမှု ဖြစ်သွားပြီ”
19-Dec-2018
“ဒီဖွဲ့စည်းပုံအခြေခံဥပဒေကိုပဲ ပြင်မလား ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးမလားဆိုတာကို ပြည်သူက ဆုံးဖြတ်ရမယ်၊ ပြည်သူက ဆုံးဖြတ်ဖို့အတွက် ကျွန်တော်က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်သင့်တယ်လို့ မြင်တာ”
19-Dec-2018
“ဟိုးအရင်ခေတ်ကတော့ ခေါင်းဆောင်အပေါ်မှာ သစ္စာရှိမှုကို မူတည်ထားတယ်၊ ဒါပေမယ့် လူထုကိုရော ဘယ်လောက်သစ္စာရှိလဲ ဆိုတာကိုတော့ ကျွန်မတို့ မသိဘူးပေါ့နော်၊ အခု လောလောဆယ် သုတေသနပြုထားတဲ့စာတမ်းအရ ပြောမယ်ဆိုရင် အခု ဝန်ကြီးအဖွဲ့မှာပါတဲ့ ခေါင်းဆောင်များထဲက ရွေးကောက်ပြီးမှ လွှတ်တော်ကနေလာတဲ့ ရာခိုင်နှုန်းက (၂၆) ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်”
19-Dec-2018
“ပြည်သူတွေက စီးပွားရေးပညာတတ်ချင်မှ တတ်မယ် မတတ်ချင်လည်း မတတ်ဘူး၊ ကျွမ်းကျင်ရင်လည်း ကျွမ်းကျင်မယ် မကျွမ်းကျင်ရင်လည်း မကျွမ်းကျင်ဘူး၊ ဒါပေမယ့် သူတို့က ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်၊ သူတို့က အကဲဖြတ်ပိုင်ခွင့်ရှိပါတယ်”
19-Dec-2018
“ဝါတာလူးစစ်ပွဲက လျှမ်းလျှမ်းတောက်အောင်မြင်နေတဲ့ နပိုလီယံနဲ့ ဗိုလ်ချုပ်ပေါက်စ ဝယ်လင်တန် တိုက်ရတာပါ၊ မနက်ဖြန် စစ်ဖြစ်တော့မယ်၊ ဒါပေမယ့် ဝယ်လင်တန် ဘာမှမပြောဘူး အရက်သောက်နေတယ်၊ သန်းခေါင်ကျော်တဲ့အခါကျ သူ့လက်ထောက်တွေက မေးတယ်။ မနက်ဖြန် ဘယ်လိုတိုက်မလဲတဲ့၊ အဲမှာ ဝယ်လင်တန် ပြောတဲ့စကား တော်တော် အရေးကြီးပါတယ်၊”
19-Dec-2018
“ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်လာလို့ အာဏာပေးတာလည်း မလွဲမရှောင်သာလို့ အာဏာပေးတာပါဆိုတာကိုတော့ ကျွန်တော်တို့ခေါင်းထဲမှာ အမြဲထည့်ထားရမယ်လို့ ကျွန်တော် ဒီနေရာကနေ တင်ပြလိုပါတယ်”
18-Dec-2018
“အခြေခံလူတန်းစားတွေက ဘာတွေလိုအပ်လဲ၊ လမ်းပန်းဆက်သွယ်ရေး လိုအပ်တယ်၊ ပညာရေး လိုအပ်တယ်၊ ကျန်းမာရေး ဝန်ဆောင်မှု လိုအပ်တယ်၊ နေစဉ်စားသောက်မှု ပြေလည်ဖို့ လိုအပ်တယ်၊ ဒီအခြေခံ လိုအပ်ချက်တွေက နိုင်ငံတကာဖိအား လာသည်ဖြစ်စေ မလာသည်ဖြစ်စေ လုပ်ရမှာပဲ ဒါလူသားတိုင်းရဲ့ လိုအပ်ချက်ဖြစ်နေတာကိုး”
18-Dec-2018
“အသွင်ကူးပြောင်းရေးနိုင်ငံတွေ ကြုံရတဲ့အခက်အခဲတစ်ခုက မူဝါဒအသစ်တွေကို လုပ်ရတယ် အဟောင်းတွေကိုလည်း ဖျက်ရတယ်၊ အဲဒီအတွက်နေ့စဉ် စိန်ခေါ်မှုတွေ ကြုံနေရတယ် ဘယ်ဟာကို လုပ်ရမှာလဲ ဘယ်ဟာကို ခွေထားရမှာလဲ ဘယ်ဟာကို လိုက်လျောရမှာလဲ တချိန်ထဲမှာပဲ လူထုအသံက မြန်လာတယ်”
18-Dec-2018
“ဥပမာ ဒီမိုကရေစီ တည်ဆောက်ခြင်းကို ချစ်ခြင်းမေတ္တာဇာတ်လမ်းလို့ ယူဆတယ်ဆိုလို့ရှိရင် တူနှစ်ကိုယ် တဲအိုပျက်မှာ ထမင်းရည်ပဲ လျက်ရလျက်ရ ဒါမျိုး ကျွန်တော်တို့ရှိတယ်။ အဲလိုချစ်တာက ချစ်တာပဲ။ ဒါပေမယ့် ကားလေးနဲ့ ရေခဲမုန့်စားပြီးတော့ ကျွန်တော်တို့ ချစ်ရင်ရော ပိုပြီးတော့ အဆင်မပြေဘူးလား၊ ဆိုတဲ့အခါကျတော့ စီးပွားရေးကို သတိထားဖို့ လိုပါတယ်”
18-Dec-2018
“ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ အစိမ်းလုပ်လို့ရှိရင် အနီက မပါဘူး၊ အနီလုပ်မယ်ဆိုလို့ရှိရင် အစိမ်းက ပူးပေါင်းဆောင်ရွက်မှု မလုပ်ဘူး၊ အဲဒါက လူ့အဖွဲ့အစည်းအတွက် မကောင်းဘူးလို့ ထင်တယ်၊ အဲလိုမျိုးတွေကို ကွဲပြားစေတာထက်စာရင် ပေါင်းစည်းနိုင်ဖို့ ဘာအချက်အလက်တွေရှိမလဲဆိုတာ စဉ်းစားသင့်တဲ့ကိစ္စတစ်ခုလို့ ထင်ပါတယ်”