News

POST TAGGED AS

USA

18-Sep-2018 tagged as Soccer La Liga FIFA USA
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုသည် အမေရိကန်ပြည်ထောင်စုတွင် လာလီဂါပွဲစဉ်တစ်ပွဲ ကျင်းပရန် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည်ကို ကန့်ကွက်ဝေဖန်လိုက်ပြီဖြစ်ပြီး အသင်းတစ်သင်းအတွက် အိမ်ကွင်းပွဲစဉ်ဟူသည်မှာ စစ်မှန်သောအိမ်ကွင်းတွင် အမာခံပရိသတ်များအတွက် ကျင်းပပေးသောပွဲစဉ်မျိုးသာဖြစ်သင့်ကြောင်း အင်ဖန်တီနိုက ထောက်ပြလိုက်သည်ဟု BBC က ဖော်ပြထားသည်။
11-Sep-2018 tagged as Soccer Champions League UEFA USA
အမေရိကန်ပြည်ထောင်စုအခြေစိုက် ဖျော်ဖြေရေးမီဒီယာလုပ်ငန်းစုတစ်ခုသည် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပခွင့်ရနိုင်စေရန်အတွက် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း The Sun က ဖော်ပြထားသည်။
30-Aug-2018 tagged as Soccer Tottenham USA Fulham Dempsey
ဖူလ်ဟမ်နှင့် စပါးအသင်းတို့ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သော အမေရိကန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဒမ့်ဆေးသည် ပရော်ဖက်ရှင်နယ်ဘောလုံးကစားသမားဘ၀ဖြတ်သန်းမှု အဆုံးသတ်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပြီး ကစားသမားဘ၀ အဆုံးသတ်လိုက်ချိန်တွင် ဒမ့်ဆေးမှာ အသက်အားဖြင့် ၃၅ နှစ်အရွယ်ရှိနေပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
16-Aug-2018 tagged as Soccer La Liga USA
လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီသည် လာလီဂါပွဲစဉ်တစ်ပွဲကို အမေရိကန်ပြည်ထောင်စု၌ ကျင်းပပေးရန် ၁၅ နှစ်သက်တမ်း စာချုပ်တစ်ရပ်ဖြင့် သဘောတူညီလိုက်ပြီဖြစ်ပြီး ယင်းသို့ အမေရိကန်ပြည်ထောင်စုတွင် ကျင်းပမည့် လာလီဂါပွဲစဉ်၌ ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့ အားပြိုင်မည့် အယ်လ်ကလပ်စီကိုဒါဘီပွဲစဉ်ကိုမူ တာဝန်ရှိသူများက ထည့်သွင်းစဉ်းစားပေးဖွယ် မရှိကြောင်း Marca က ဖော်ပြထားသည်။
14-Jun-2018 tagged as Soccer USA 2026 World Cup Mexico Canada
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၂၆ ခုနှစ်တွင် ကျင်းပမည့် ၂၃ ကြိမ်မြောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံကို ရွေးချယ်လိုက်ပြီဖြစ်ရာ အမေရိကန်ပြည်ထောင်စု၊ မက္ကဆီကိုနှင့် ကနေဒါတို့က ပူးတွဲအိမ်ရှင်နိုင်ငံများအဖြစ် ပြိုင်ပွဲကို လက်ခံကျင်းပခွင့်ရသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
20-Jan-2018 tagged as Soccer USA Donald Trump 2026 World Cup
အမေရိကန်ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူများသည် သမ္မတဒေါ်နယ်ထရမ့်ကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်ဖြစ်ခွင့်ရနိုင်ဖွယ်ရှိနေသော အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်အား လွန်စွာစိုးရိမ်ပူပန်နေကြောင်း Sportmail က ဖော်ပြထားသည်။
03-Jan-2018 tagged as Boxing Mike Tyson Weed USA
သံမဏိမိုက်ဟု အမည်ပြောင်ပေးအပ်မှည့်ခေါ်ခြင်းခံခဲ့ရသည့် ကမ္ဘာ့ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်း အမေရိကန်လက်ဝှေ့ကစားသမား မိုက်တိုင်ဆန်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် ဆေးခြောက်စိုက်ပျိုးရေးလုပ်ငန်းတစ်ရပ် လုပ်ကိုင်ရန် စီမံကိန်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။