News

POST TAGGED AS

THAILAND

04-Sep-2018 tagged as Thailand Olympic Games Mathematics
ဟောင်ကောင်နိုင်ငံတွင် ကျင်းပပြီးစီးသွားခဲ့သည့် ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာ သင်္ချာအိုလံပစ်ပြိုင်ပွဲတွင် ထိုင်းအသင်းက ဆုတံဆိပ်ပေါင်း ၁၄၁ ခုအထိ ဆွတ်ခူးရယူနိုင်ခဲ့ကြောင်း Bangkok Post က ဖော်ပြထားသည်။
ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းသည် သမ်လန်းလှိုဏ်ဂူအတွင်းမှ ဘေးမသီ ရန်မဘဲ အသက်ရှင်လျက်နှင့် လွတ်မြောက်လာသော ကလေးငယ် ၁၂ ဦးနှင့် ဘောလုံးနည်းပြ အပါအ၀င် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သူများအားလုံးကို လာမည့်ဘောလုံးရာသီတွင် အသင်းပိုင် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းသို့ လာရောက်၍ အသင်းယှဉ်ပြိုင်ကစားသော ပွဲစဉ်တစ်ပွဲကို တက်ရောက်ကြည့်ရှုအားပေးရန် အသင်းပိုင် လူမှုကွန်ရက်စာမျက်နှာများကတစ်ဆင့် တရားဝင်ဖိတ်ကြားထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Jul-2018 tagged as Soccer Thailand Missing Boys
ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ရှိ သမ်းလန်းလှိုဏ်ဂူအတွင်းသို့ ၀င်ရောက်သွားပြီးသည့်နောက် ပျောက်ဆုံးမှုဖြစ်သွားခဲ့သော ကလေးငယ် ၁၂ ဦးနှင့် ၎င်းတို့၏ဆရာ ဘောလုံးနည်းပြဖြစ်သူတို့ကို အသက်ရှင်လျက်ဖြင့် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။
ဂျော်ဒန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်နေသည့် ထိုင်းလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် မနက်ဖြန်(ဧပြီလ ၁၂ ရက်နေ့)တွင် ဖိလစ်ပိုင်နှင့်ကစားရမည့်ပွဲစဉ်၌ သရေရလဒ်ကို ရယူနိုင်ရုံမျှဖြင့် ၂၀၁၉ ခုနှစ်တွင် ပြင်သစ်နိုင်ငံ၌ကျင်းပမည့် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်သွားတော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။