News

POST TAGGED AS

TNLA

တအန်းဒေသတွင် တပ်မတော်က အင်အားဖြည့်တင်းလာမှုနှင့် ကချင်ဒေသတွင် မဟာမိတ် ကေအိုင်အေကို တပ်မတော်က တိုက်ခိုက်မှုများကြောင့် ထိုသို့စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ်ကြောင်း တအန်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ဝ” လက်နက်ကိုင်အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးကို “ဝ”ဒေသ ပန်ခမ်းတွင် ပြုလုပ်နေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
17-Mar-2018 tagged as NCA TNLA
တိုင်းရင်းသား လက်နက်ကိုင်နှစ်ဖွဲ့ ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) နှင့် တအာင်းပလောင်အဖွဲ့ (TNLA) တို့ ရှမ်းမြောက်ဒေသတွင် တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲများကြောင့် ကျောက်မဲရှိ ရွာအချို့တွင် လူ ၂၀၀ ခန့် ပိတ်မိနေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် မတ်လ ၈ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLA ထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တပ်မတော်နှင့် တအောင်းပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
တပ်မတော်နှင့် တအာင်း-ပလောင် လက်နက်ကိုင်အဖွဲ့(TNLA)တို့ အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ရှမ်းပြည်နယ် သိန္နီမြို့ပေါ်ရှိ ကောင်းအိုင်ဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်ဒုက္ခသည် အိမ်ထောင်စု ၄၈ ခုမှ စုစုပေါင်းလူဦး ရေ ၁၇၀ ခန့် ရောက်ရှိနေကြောင်း သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။
20-Jan-2018 tagged as NCA TNLA RCSS
တိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် တအာင်း ပလောင်လက်နက်ကိုင်အဖွဲ့ (TNLA) တို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း ဇန်နဝါရီလ ၁၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အဆိုပါလက်နက်ကိုင်အဖွဲ့များထံမှ သိရသည်။
12-Nov-2017 tagged as KIO NCA UWSA TNLA AA
နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင် ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်အဖွဲ့သည် “ဝ”ဒေသ ပန်ဆန်းနှင့် မိုင်းလား အထူးဒေသတို့ကို သွားရောက်ကာ လက်နက်ကိုင် အဖွဲ့များကို နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်က တွေ့ဆုံခဲ့သည်။
05-Nov-2017 tagged as NCA TNLA AA
ယခုရက်ပိုင်းတွင် တပ်မတော်နှင့် တိုက်ပွဲကြီးများ ဖြစ်ပွားလာနိုင်သည်ဆိုသော ထုတ်ပြန်ချက်တစ်စောင်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အဖွဲ့ သတင်းနှင့် ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၅ ရက်က ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးကို တအာင်း ပလောင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) အဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း နှစ်လုံးကို ယူဆောင်သွားကြောင်း ကျောက်မဲခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။