News

POST TAGGED AS

STERLING

မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းသည် အသင်းအနေနှင့် ၎င်းကို စာချုပ်သစ်လက်မှတ်ရေးထိုးလိုပါက လက်ရှိအကျိုးခံစားခွင့်ရရှိနေသော တစ်ပတ်လုပ်ခလစာကို ပေါင်တစ်သိန်း ထပ်တိုးပေးရမည်ဟု တောင်းဆိုလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းသည် နောက်ကျောဒဏ်ရာရရှိနေသည်ကို အကြောင်းပြ၍ အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်သွားခဲ့ပြီဖြစ်ကာ နည်းပြ ဆောက်ဂိတ်ကမူ ၎င်းအနေနှင့် စတာလင်း၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် အခြားသောကစားသမားတစ်ဦး အစားထိုးခေါ်ယူသွားမည်မဟုတ်ဟု ဖွင့်ဟအသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းတာဝန်ရှိသူများသည် အသင်းကွင်းလယ်ကစားသမား စတာလင်းကို စာချုပ်သစ်ချုပ်ရန် ဘောလုံးရာသီပြီးဆုံးချိန်သို့ရောက်မှသာ တစ်ကျော့ပြန်လည် ဆွေးနွေးသွားတော့မည်ဖြစ်ပြီး မန်စီးတီးနှင့် စတာလင်းအကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်မှာ သက်တမ်းအားဖြင့် သုံးနှစ်ကျန်ရှိနေဆဲဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
ဆဲလ်ဖို့ဒ်တရားရုံးတော်သည် မန်စီးတီးတိုက်စစ်တောင်ပံကစားသမား စတာလင်းကို ခြေထောက်ဖြင့် ကန်ကျောက်၍ လူမျိုးရေးခွဲခြားသော စကားရပ်များပြောကြားခဲ့သူကို ထောင်ဒဏ်လေးလ ချမှတ်အရေးယူလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးကွင်းလယ်ကစားသမား စတာလင်းသည် မန်စီးတီးက ကမ်းလှမ်းထားသည့် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက စာချုပ်သစ် တရားဝင်ချုပ်ဆိုပြီးသည်နှင့်တစ်ပြိုင်နင် ပရီးမီးယားလိဂ်၏လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် တက်ရောက်ရပ်တည်သွားနိုင်တော့မည်ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် မန်စီးတီးက ဟတ်ဒါးစဖီးလ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်းရရှိခဲ့သည့် ပင်နယ်တီနှင့်ပတ်သက်၍ အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးထံသို့သွားရာက်၍ မှတ်ချက်တောင်းခံမည်ဆိုပါကလည်း ပေးသင့်ပေးထိုက်သည့် ပင်နယ်တီဟူသော အဖြေကိုသာ ရရှိလိမ့်မည်ဟု အသိပေးပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
အာဆင်နယ်အသင်းသည် မိုနာကိုတိုက်စစ်တောင်ပံကစားသမား သောမတ်စ်လီမာကို ခေါ်ယူရန် ရည်ရွယ်ထားခြင်းကို လက်လျှော့လိုက်ပြီဖြစ်ပြီး သောမတ်စ်လီမာကို အာဆင်နယ် မခေါ်ယူတော့ဟု ဆုံးဖြတ်လိုက်သည်မှာ ယင်းကစားသမားအတွက် မိုနာကိုဘက်က သတ်မှတ်ထားသည့်တန်ကြေးမှာ လွန်စွာ မြင့်မားလွန်းနေခြင်းကြောင့်ဖြစ်ဖွယ်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် မန်စီးတီးက အာဆင်နယ်ကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်စီးတီးအသင်း ပင်နယ်တီရရှိသွားခဲ့သည့်ဖြစ်စဉ်၌ စတာလင်းမှာ ဟန်ဆောင်ဒိုင်ဗင်ထိုး၍ ပင်နယ်တီ ရှာဖွေသွားခြင်း ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပြီး စတာလင်း ဒိုင်ဗင်သမားဖြစ်သည်ကို လူတိုင်း သိရှိနေပြီဖြစ်ကြောင်းလည်း အာစင်ဝင်းဂါးက ထပ်လောင်းပြောကြားသွားခဲ့သေးသည်ဟု Daily Mail က ဖော်ပြထားသည်။