News

POST TAGGED AS

SOCCER

ဘာစီလိုနာအသင်းတာဝန်ရှိသူများသည် မန်ယူကွင်းလယ်လူ ပေါ့ဂ်ဘာ၏စွမ်းဆောင်ရည်ကို အကဲခတ်ရန်အတွက် လက်ကျန်ဘောလုံးရာသီအတွင်း မန်ယူအသင်း ယှဉ်ပြိုင်ကစားသည့်ပွဲစဉ်အားလုံးထံသို့ ဘောလုံးကင်းထောက်များ စေလွှတ်သွားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
22-Sep-2018 tagged as Soccer Premier League Manchester United
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းချိန်ကို မူလအတိုင်း သြဂုတ်လ ၃၁ ရက်သို့ ပြောင်းလဲသတ်မှတ်ပေးပါရန် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီထံသို့ ဦးစီးဦးရွက်ပြု၍ တောင်းဆိုသွားတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ဘာစီလိုနာအသင်းသည် မန်ယူကွင်းလယ်ကစားသမား ဟာရီရာကိုခေါ်ယူရန် တစ်ကျော့ပြန်လည် ချိတ်ဆက်မှုများရှိနေပြီး ဟာရီရာမှာ နည်းပြ မော်ရင်ညိုလက်အောက်တွင် ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရခြင်းကြောင့် အသင်းပြောင်းရန် အလေးအနက်ထား စဉ်းစားလာလိမ့်မည်ဟု ဘာစီလိုနာအသင်းတာဝန်ရှိသူများက ယုံကြည်နေကြောင်း Daily Mail က ဖော်ပြထားသည်။
မန်စီးတီးအသင်းသည် တိုက်စစ်မှူးအဂူရိုကို တစ်နှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ အဂူရိုမှာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီပြီးဆုံးချိန်တိုင်သည်အထိ မန်စီးတီးထံတွင် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
22-Sep-2018 tagged as Soccer Serie A C Ronaldo Juventus
ယူအီးအက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို တစ်ပွဲပယ်ပြစ်ဒဏ်သာ ချမှတ်ရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် အသင်းဟောင်း မန်ယူနှင့် ရင်ဆိုင်ရမည့် အိမ်ကွင်း အဝေးကွင်း ချန်ပီယံလိဂ်အုပ်စုပွဲစဉ်နှစ်ပွဲလုံးကို ၎င်းက ဂျူဗင်တပ်အတွက် ပါဝင်ကစားပေးခွင့်ရရှိသွားခဲ့ပြီဖြစ်ကြောင်း Football Italia က ဖော်ပြထားသည်။
22-Sep-2018 tagged as Soccer Ligue Lyon Depay
မန်ယူနည်းပြ မော်ရင်ညိုသည် လိုင်ယွန်ထံတွင် ခြေစွမ်းပြနေသော အသင်းတိုက်စစ်တောင်ပံကစားသမားဟောင်း ဒီပေးကို မန်ယူထံသို့ ပြန်လည်ခေါ်ယူရန် အလေးအနက်ထား စဉ်းစားနေပြီဖြစ်ပြီး ဒီပေး၏လက်ရှိခြေစွမ်းကို ၎င်းအနေနှင့် လွန်စွာ နှစ်ခြိုက်သဘောကျမိသည်ဟု မော်ရင်ညိုက ထုတ်ဖော်ဝန်ခံထားပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
21-Sep-2018 tagged as Soccer La Liga Real Madrid Sergio Ramos
ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ရာမို့စ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် အဝါကတ်အများဆုံး ပြသအရေးယူခြင်းခံရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။