News

POST TAGGED AS

SNLD

25-Aug-2018 tagged as SNLD
ဗဟန်းမြို့နယ် Melia ဟိုတယ်တွင်ပြုလုပ်ရန် စီစဉ်ထားသော ရခိုင်အရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ခုကို ခွင့်ပြုချက်ရရှိမှသာ ပွဲကျင်းပခွင့်ရှိမည်ဟု မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လာရောက်သတိပေးခဲ့ပြီးနောက် အဆိုပါဆွေးနွေးပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ရကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
ယခုနှစ် နိုဝင်ဘာလ ၃ ရက်၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ မန္တလေးနှင့်လဲချား လစ်လပ်မဲဆန္ဒနယ်နှစ်နေရာတွင် ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ရှမ်းပြည်နယ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပူးပေါင်းပြီး ပြည်သူများကို ဖိအားပေး မဲထည့်ခိုင်းခြင်း ကဲ့သို့သော ကိစ္စရပ်များ မဖြစ်စေရန်အတွက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) အနေနှင့် ညွှန်ကြားဆောင်ရွက်လျက် ရှိကြောင်း ယင်းပါတီထံမှ သိရသည်။
18-Jan-2017 tagged as NLD SNLD
ရှမ်းပြည်နယ် NLD ပါတီမှ ထုတ် ပယ်ခံရသော ပါတီခေါင်းဆောင်များနှင့် နုတ်ထွက်သူများကို SNLD ပါတီမှ လက်ခံသွားမည်ဖြစ်ကြောင်း SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောသည်။
05-Jan-2017 tagged as NLD ANP SNLD
NLD ပါတီကိုယ်တိုင် အတိုက်အခံဘဝက အကြီးအကျယ် ဝေဖန်ခဲ့သော အခြားဒီမိုကရက်တစ် အင်အားစုများကလည်း ဘဝင်မကျခဲ့ကြသော အခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို အသုံးပြုပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုလုံး၏ ဝန်ကြီးချုပ်များကို NLD ပါတီဝင်များနှင့်သာ ခန့်ထားခဲ့ရာ NLD နှင့် လူမျိုးစု ပါတီများကြား သဘောကွဲလွဲစရာ ဖြစ်လာခဲ့ရသည်။