News

POST TAGGED AS

MOURINHO

မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းလူငယ်တိုက်စစ်မှူး ရတ်ရှ်ဖို့ဒ်ကို ၎င်းဘက်က လုံလောက်စွာ ပွဲထွက်ခွင့်မပေးဟူသော ဝေဖန်ချက်များမှာ အလိမ်အညာများသာဖြစ်ပြီး လွန်စွာ ရယ်ရွှင်ဖွယ်ရာကောင်းလှသည်ဟု တုံ့ပြန်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကစားသမား စမောလင်းကို ၎င်းမကြိုက်သည်မှာ အချက်တစ်ခုတည်းသာရှိပြီး ယင်းမှာ ယခုညှပ်လိုက်သည့် စမောလင်း၏ဆံပင်ပုံစံသစ်ဖြစ်သည်ဟု မန်ယူက ၀က်ဖို့ဒ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် စပိန်နိုင်ငံရှိ အေလာကွန်တရားရုံတော်က ၎င်းကို အခွန်တိမ်းရှောင်မှုအတွက် ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချလိုက်ခြင်းကို လက်ခံပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် ရာထူးထုတ်ပယ်ခံရမည့်အရေးကို ကြောက်ရွံ့ခြင်း မရှိကြောင်း ပြောကြားသွားခဲ့ပြီး မန်ယူမှာ ၎င်းကို ရာထူးထုတ်ပယ်မည်ဆိုပါက အကုန်အကျ လွန်စွာများလိမ့်မည်ဟုလည်း မော်ရင်ညိုက အရွှန်းဖောက်သွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် နည်းပြ မော်ရင်ညိုကို ရာထူးထုတ်ပယ်လိုက်မည်ဆိုပါက ပရိသတ်များ၏ဆန့်ကျင်မှုဖြင့် ကျိန်းသေရင်ဆိုင်ရနိုင်ကြောင်း The Sun က ရေးသားထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းအနေနှင့် ကောင်းကင်ကို မော့ကြည့်မနေခဲ့ခြင်းကြောင့် အသင်းပရိသတ်များက ဒုဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝါးဒ်ကို လေယာဉ်ပျံတွင် စာတန်းချိတ်ဆွဲ၍ ဆန္ဒပြသည်ကို သတိမပြုမိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ကရမ်ဘူးသည် မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာမှာ ဖခင်မဲ့သည့်ဒဏ်၏ရိုက်ခတ်မှုကို ပြင်းပြင်းထန်ထန် ခံစားနေရသည်ဟု မှတ်ချက်ပေးထားပြီး မော်ရင်ညိုမှာ ပေါ့ဂ်ဘာကို ဖခင်တစ်ဦးကဲ့သို့သော နွေးထွေးမှုမျိုးကို ပေးနိုင်မည်ဆိုပါက ၎င်းတို့နှစ်ဦးအကြားရှိ ဆက်ဆံရေးမှာ ပြန်လည်အဆင်ပြေသွားလိမ့်မည်ဟု ကရမ်ဘူးက တိုက်တွန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းကို တိုက်စစ်ကစားဟန်ဖြင့် အထိုင်ချလိုပါက ဦးစွာပထမပြင်ဆင်ရမည်မှာ ယိုပေါက်ဖြစ်နေသောခံစစ်ကြောင်းဖြစ်သည်ကို နားလည်ရန် လိုအပ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။
အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကို နည်းပြအဖြစ် ဦးဆောင်နေသော မန်ယူနောက်ခံကစားသမားဟောင်း ဖီးလ်နဗီးလ်သည် ရာသီဖွင့်ပွဲစဉ်သုံးပွဲတွင် နှစ်ပွဲ အရေးနိမ့်ခဲ့ရခြင်းအတွက် အသင်းကစားသမားများကို အပြစ်မတင်ဘဲ အကာအကွယ် အပြည့်ပေးထားသည့် လက်ရှိ မန်ယူနည်းပြ မော်ရင်ညို၏သတ္တိကို ချီးကျူးစကားပြောကြားထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် သတင်းထောက်တစ်ဦးက ၎င်းကို အကြီးကျယ်ဆုံးသောနည်းပြတစ်ယောက်အဖြစ် မှတ်ယူခြင်းရှိသေးပါသလားဟု မေးခွန်းမေးမြန်းသည်ကို လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်နှင့် ၎င်းအကြား ခြားနားချက်များ မည်သို့ရှိကြောင်း ထုတ်ဖော်ပြောကြား၍ ဖြေကြားပေးသွားခဲ့ကြောင်း Sportmail က ဖော်ပြထားသည်။