News

POST TAGGED AS

MOROCCO

မော်ရိုကိုအသင်း ပွဲထွက်ဂိုးသမား မူနီရာ မိုဟန်း မိုဟာမီဒီသည် ၎င်းတို့အနေနှင့် VAR စနစ်ကြောင့် နှစ်ပွဲဆက်တိုက် နစ်နာခဲ့ရသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး ယင်းပွဲစဉ်နှစ်ပွဲတွင်သာ ဒိုင်လူကြီးများက ၎င်းတို့ ရသင့်ရထိုက်သည့်အခွင့်အရေးများကို VAR စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေး၍ ခွင့်ပြုပေးခဲ့မည်ဆိုပါက နောက်တစ်ဆင့်တက်ခွင့်ကိုပင် မျှော်လင့်ခွင့်ရနိုင်ခဲ့လိမ့်မည်ဖြစ်ကြောင်း မိုဟာမီဒီက ဆက်လက်အသိပေးသွားခဲ့သည်ဟု Daily Star က ဖော်ပြထားသည်။
မော်ရိုကိုကွင်းလယ်ကစားသမား ဘယ်လ်ဟန်ဒါနှင့် ပေါ်တူဂီလက်ရွေးစင်အသင်းနည်းပြ ကွီးရော့ဇ်တို့သည် ဗီဒီယိုလက်ထောက်ဒိုင်လူကြီး(VAR)နည်းပညာကို ပြင်းပြင်းထန်ထန် ဝေဖန်ပြစ်တင်လိုက်ပြီဖြစ်ပြီး ယင်းစနစ်မှာ အသင်းကြီးများကောင်းစာရေးအတွက်သာ စီစဉ်ပေးထားသောစနစ်ဖြစ်သည်ဟု ဘယ်လ်ဟန်ဒါက ပြောကြားသွားခဲ့ကြောင်းDaily Star က ဖော်ပြထားသည်။
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် လာမည့် ၂၀၁၉ ခုနှစ်တွင် မော်ရိုကိုနိုင်ငံ၌ ဟိုတယ်တစ်လုံး ဖွင့်လှစ်သွားတော့မည်ဖြစ်ပြီး အနာဂတ်ကာလတွင် အာရှနှင့် အရှေ့အလယ်ပိုင်းဒေသများ၌ပါ ဟိုတယ်များ တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန် စီရော်နယ်ဒိုက ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
13-Nov-2017 tagged as Soccer World Cup Morocco Belgium Riot
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် မော်ရိုကိုနွယ်ဖွား ဘောလုံးပရိသတ်များက မော်ရိုကိုအသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည့်အတွက် အလွန်အကျူး အောင်ပွဲခံခဲ့ရာကတစ်ဆင့် မင်းမဲ့စရိုက်ဆန်သော အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း The Sun က ဖော်ပြထားသည်။