News

POST TAGGED AS

MARTIAL

မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းနည်းပြ မော်ရင်ညို၏အနာဂတ်နှင့်စပ်လျဉ်း၍ တိကျသောအဖြေတစ်ရပ် ထွက်ပေါ်လာခြင်း မရှိသေးသည့်အတွက် စာချုပ်သစ်ချုပ်ဆိုရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးရန် အချိန်ပြန်လည် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် အသင်းဘက်က ကမ်းလှမ်းထားသော ငါးနှစ်သက်တမ်း စာချုပ်သစ်ကို လက်မှတ်ရေးထိုးရန် လွန်စွာနီးစပ်သွားခဲ့ပြီဖြစ်ပြီး ယင်းသို့ မန်ယူနှင့်စာချုပ်သစ်ချုပ်ရန် မာတီရယ်လ် စိတ်ပြန်လည်လာခဲ့သည်မှာ များမကြာမီအချိန်အတွင်း နည်းပြ မော်ရင်ညို ရာထူးထုတ်ပယ်ခံရတော့မည်ဟု ၎င်းက တစ်ထစ်ချ ယုံကြည်ထား၍ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် ဘိုင်ယန်မြူးနစ်က မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော ရာသီကြိုခြေစမ်းပွဲအတွက် အသင်းလူစာရင်း ရွေးချယ်ရာတွင် တိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်နှင့် နောက်ခံလူ ရိုဂျိုတို့ကို ချန်လှပ်ထားခဲ့ခြင်းကြောင့် ယင်းကစားသမားနှစ်ဦးလုံးမှာ အနာဂတ်မရေရာမှုကို ရင်ဆိုင်လိုက်ရပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်နှင့် ချယ်လ်ဆီးကွင်းလယ်လူ ဝီလျံတို့ကို အလိုက်စနစ်မပါဘဲနှင့် တိုက်ရိုက်လဲလှယ်ရန် ဆွေးနွေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်း၏လေ့ကျင့်ရေးအစီအစဉ်များသို့ လာရောက်ပူးပေါင်းရန် ရှစ်ရက်ကြာပျက်ကွက်ခဲ့ပြီးဖြစ်သော တိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို နှစ်ပတ်စာလုပ်ခလစာ ဒဏ်ရိုက်တော့မည်ဖြစ်ပြီး ယင်းအတွက် မာတီရယ်လ် ပေးဆောင်ရမည့် ဒဏ်ကြေးငွေမှာ အနိမ့်ဆုံးအဖြစ် ပေါင် ၁၈၀,၀၀၀ ရှိသွားလိမ့်မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုနှင့် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်တို့သည် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှု အမြင့်ဆုံးအခြေအနေဖြစ်သွားခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မာတီရယ်လ်၏အေးဂျင့်ဖြစ်သူ လမ်ဘိုလေးမှာ မန်ယူကို မာတီရယ်လ်စွန့်ခွာနိုင်စေရန်အတွက် နည်းလမ်းရှာဖွေနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ၎င်းဘက်က ပွဲထွက်ကစားသမားအဖြစ် အမြဲတမ်း အခွင့်အရေးပေးနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ပွဲထွက်ခွင့်ရရှိချိန်များတွင် ပုံစံကောင်းတစ်ရပ်ကို ထုတ်ဖော်ပြသနိုင်ရန် ကြိုးပမ်း၍ အခြားသောကစားသမားများနှင့် နေရာယှဉ်လုရန် အမြဲတစေ အသင့်ဖြစ်နေရမည်ဖြစ်ကြောင်း သတိပေးစကားပြောကြားလိုက်သည်ဟု Daily Mail က ဖော်ပြထားသည်။
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်သည် နည်းပြ မော်ရင်ညိုက ၎င်းကို လုံလောက်သည့် ပွဲထွက်ကစားခွင့်တစ်ရပ်ပေးအပ်မည်ဟု ကတိပေးပြောကြားထားသည့်တိုင် အသင်းပြောင်းရွှေ့ရန်သာ အာရုံရှိနေဆဲဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် သန်း ၁၀၀ ရရှိမှသာလျှင် လက်လွှတ်ပေးနိုင်လိမ့်မည်ဟု သဘောထားပြောင်းလဲလိုက်ပြီဖြစ်ပြီး ယင်းအတွက် မာတီရယ်လ်ကို ခေါ်ယူနိုင်ရန် စိတ်ဝင်စားနေသော စပါးအသင်းမှာ လွန်စွာ အခက်ကြုံသွားခဲ့ရပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
14-Jun-2018 tagged as Soccer Manchester United Martial
မန်ယူတိုက်စစ်တောင်ပံကစားသမား မာတီရယ်လ်၏အေးဂျင့်ဖြစ်သူ လမ်ဘိုလေးသည် ၎င်း၏ကစားသမားဖြစ်သူမှာ လက်ရှိနွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း မန်ယူကို စွန့်ခွာရန် ဆုံးဖြတ်ချက်ချမှတ်ထားပြီးပြီဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။