News

POST TAGGED AS

MAGUIRE

လက်စတာအသင်းသည် အသင်းကြီးများစွာက ခေါ်ယူရန် မျက်စိကျနေသော ၎င်းတို့၏နောက်ခံကစားသမား မာဂွီရေးကို ငါးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ မာဂွီရေးမှာ လာမည့် ၂၀၂၃ ခုနှစ်တိုင်သည်အထိ လက်စတာကစားသမားအဖြစ် ဆက်ရှိသွားတော့မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းသည် အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းရန် နီးကပ်လာချိန်တွင် ဗဟိုခံစစ်ကို အင်အားဖြည့်ရန်အတွက် ၎င်းတို့ ပထမဦးစားပေးပစ်မှတ်အဖြစ် ရည်ရွယ်ထားသည့် လက်စတာနောက်ခံလူ မာဂွီရေးနှင့် စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်တို့အနက်မှနေ၍ အနိမ့်ဆုံးအဖြစ် တစ်ဦးကိုခေါ်ယူနိုင်ရန် လွန်စွာ အခြေအနေကောင်းသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လက်စတာအသင်းနှင့် ချယ်လ်ဆီးအသင်းတို့သည် ၎င်းတို့၏ကစားသမားများဖြစ်သည့် မာဂွီရေးနှင့် ကန်တေတို့ကို ထိပ်တန်းအဆင့် လုပ်ခလစာအကျိုးခံစားခွင့်များပေးအပ်၍ အသင်းထံတွင် ဆက်လက်ထိန်းသိမ်းထားနိုင်ရန် အသီးသီး ကြိုးပမ်းနေကြပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
လက်စတာအသင်းသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် နယူးကာဆယ်ဗဟိုခံစစ်မှူး လက်စ်ဆယ်လ်လက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေပြီဖြစ်ပြီး လက်စ်ဆယ်လ်လက်စ်ကို ခေါ်ယူရရှိခဲ့ပါက မာဂွီရေးကို ရောင်းထုတ်ပေးလိုက်ရန် လက်စတာအသင်းဒါရိုက်တာဘုတ်အဖွဲ့က ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဗဟိုခံစစ်ကို အင်အားဖြည့်ရန်အတွက် လက်စတာနောက်ခံလူ မာဂွီရေး၊ စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်နှင့် အေစီမီလန်နောက်ခံလူ ဘိုနုချီတို့အနက်မှနေ၍ တစ်ဦးကို အရခေါ်ယူရန် ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် လက်စတာခံစစ်မှူး မာဂွီရေးကို ခေါ်ယူရန် ပြောင်းရွှေ့ကြေးပမာဏကို ပေါင် ၆၅ သန်းအထိ တိုးမြှင့်ကမ်းလှမ်းလိုက်ပြီဖြစ်ပြီး မာဂွီရေးကို ခေါ်ယူလိုပါက အသင်းရှိ ဗဟိုခံစစ်မှူးများအနက်မှ တစ်ဦးကို ဦးစွာပထမရောင်းထုတ်ရလိမ့်မည်ဟု နည်းပြမော်ရင်ညိုကို အသင်းဒါရိုက်တာဘုတ်အဖွဲ့က အသိပေးထားကြောင်း Daily Mail က ဖော်ပြထားသည်။