News

07-Aug-2018

Soccer Premier League Chelsea Nabil Fekir Lyon
ဖာကီရာကိုခေါ်ယူနိုင်ရန် ချယ်လ်ဆီး ဆွေးနွေးညှိနှိုင်း

လန်ဒန်၊ သြဂုတ် ၇

ချယ်လ်ဆီးအသင်းသည် လိုင်ယွန်ကွင်းလယ်လူ ဖာကီရာကို ခေါ်ယူရန်အတွက် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ပြီး ဖာကီရာကိုယ်တိုင်ကလည်း ၎င်း၏အနာဂတ်ကို အတိအကျ ဆုံးဖြတ်ပေးပါရန် လိုင်ယွန်အသင်းဒါရိုက်တာအဖွဲ့ကို တွန်းအားပေးတောင်းဆိုထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ချယ်လ်ဆီးနှင့် လိုင်ယွန်တို့သည် ယနေ့ညတွင် အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် လိုင်ယွန်အသင်းလူစာရင်း၌ ဖာကီရာ ပါဝင်မည်မဟုတ်၍ ၎င်း၏အပြောင်းအရွှေ့သတင်းများမှာ ပိုမိုလှုပ်ခတ်နေလျက်ရှိသည်။

ချယ်လ်ဆီးနည်းပြသစ် ဆာရီသည် အသင်းကို တိုက်စစ်အသားပေးသည့် ကစားဟန်ဖြင့် အထိုင်ချရန်အတွက် ကစားသမားအချို့ခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီး လီဗာပူးအသင်းမှာ အစောပိုင်း၌ ဖာကီရာကို ခေါ်ယူရန် လိုင်ယွန်အသင်းတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်မပြေခြင်းကြောင့် အဆုံးသတ်တွင် ယင်းဆွေးနွေးမှုမှာ ပျက်ပြယ်သွားခဲ့ရသည်။

လိုင်ယွန်အသင်းဥက္ကဋ္ဌ ဂျင်းန် မီချယ်လ် အောလတ်စ်သည် ဖာကီရာ၏တန်ကြေးကို ပေါင်သန်း ၆၀ သတ်မှတ်ထားပြီး အပြည်ပြည်ဆိုင်ရာ ချန်ပီယံဖလားပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ဖာကီရာအပြောင်းအရွှေ့အတွက် အပြီးသတ်အဖြေတစ်ခု ပေါ်ထွက်လာနိုင်စေရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက စောင့်မျှော်နေကြလျက်ရှိသည်။




FOLLOW US