News

POST TAGGED AS

LIGUE

18-Sep-2018 tagged as Soccer PSG Ligue Mbappe
လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် တိုက်စစ်မှူး အမ်ဘတ်ပေကိုခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆုံးသတ်တွင် ပြောင်းရွှေ့ကြေးမတတ်နိုင်သည့်အတွက် ဆွေးနွေးမှုများ ပျက်ပြယ်သွားခဲ့ရကြောင်း Daily Mail က ဖော်ပြထားသည်။
11-Sep-2018 tagged as Soccer PSG Ligue Areola
ပီအက်စ်ဂျီနည်းပြ သောမတ်စ်တူချယ်လ်သည် ၎င်းအနေနှင့် ရှေ့လာမည့်ပွဲစဉ်များတွင် ဝါရင့်ဂိုးသမားကြီး ဘူဖွန်ကို အရန်အဖြစ် ဆက်လက်ထားရှိ၍ အေရီအိုလာကိုသာ ပွဲထွက်ဂိုးသမားအဖြစ် အခွင့်အရေး ဆက်ပေးသွားမည်ဟု ဖွင့်ဟအသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
02-Sep-2018 tagged as Soccer Neymar PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ၎င်းအနေနှင့် ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့၍ ကစားသမားဘ၀ဖြတ်သန်းဖြစ်ခဲ့မည်ဆိုပါက ချယ်လ်ဆီးနှင့် အာဆင်နယ်တို့အနက်မှ တစ်သင်းကို ရွေးချယ်ဖြစ်လိမ့်မည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Sep-2018 tagged as Soccer Ligue Lyon Depay
ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် မန်ယူတိုက်စစ်တောင်ပံကစားဟောင်း ဒီပေးသည် ၎င်းနေထိုင်သည့်နေအိမ် ဖောက်ထွင်းခံလိုက်ရပြီး ဖောက်ထွင်းသူများမှာ ယူရို ၁ ဒသမ ၅ သန်းတန်ကြေးရှိ ပစ္စည်းများကို ခိုးယူသွားခဲ့ကြောင်း ဒီပေးက ဖွင့်ဟပြောကြားထားသည်ဟု Daily Mail က ဖော်ပြထားသည်။
28-Aug-2018 tagged as Soccer Ligue Henry Bordeaux
ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်းသည် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီကို အသင်းနည်းပြအဖြစ် ခန့်အပ်နိုင်ရန် မလွယ်ကူတော့ခြင်းကြောင့် လက်စတာနည်းပြဟောင်း ရာနီရေးရီဘက်သို့ ဦးလှည့်လိုက်ပြီဖြစ်ပြီး ၎င်း၏တောင်းဆိုချက်များကို ဘော်ဒိုးအသင်းတာဝန်ရှိသူများဘက်က လိုက်လျောပေးနိုင်စွမ်း မရှိသည့်အတွက် အလုပ်ကမ်းလှမ်းထားခြင်းကို ငြင်းပယ်လိုက်ခြင်းဖြစ်ပါကြောင်း အွန်နရီက ရှင်းပြသွားခဲ့သည်ဟု The Sun က ဖော်ပြထားသည်။
22-Aug-2018 tagged as Soccer Ligue Henry Bordeaux
ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသည့် အာဆင်နယ်တိုက်စစ်မှူးဟောင်း အွန်နရီသည် ပြင်သစ်လီဂူးကလပ် ဘော်ဒိုးအသင်း၏နည်းပြအဖြစ် တာဝန်ထမ်းဆောင်ရန်အတွက် သဘောတူညီလိုက်ပြီဖြစ်ပြီး ၎င်းတို့၏ကမ်းလှမ်းမှုကို အွန်နရီက လက်ခံထားပြီဟု ဘော်ဒိုးက သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
01-Aug-2018 tagged as Soccer Neymar Brazil PSG Ligue
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဟန်ဆောင်ဒိုင်ဗင်ထိုးကာ လူးလိမ့်သရုပ်ဆောင်ခဲ့သည့်လုပ်ရပ်ကို ၀န်ချတောင်းပန်စကားပြောကြားလိုက်ခြင်းကြောင့် ၀င်ငွေပမာဏ ပေါင်နှစ်သိန်း ရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
28-Jul-2018 tagged as Soccer Ligue Monaco Golovin
ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းသည် ကျင်းပပြီးစီးခဲ့သည့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရုရှားအသင်းကို ကိုယ်စားပြု၍ ခြေစွမ်းပြကစားသွားခဲ့သော စီအက်စ်ကေအေကွင်းလယ်ကစားသမား ဂိုလိုဗင်ကို ချယ်လ်ဆီး၊ အာဆင်နယ်တို့နှင့်ယှဉ်ပြိုင်၍ အရခေါ်ယူသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jul-2018 tagged as Liverpool Soccer Ligue Nabil Fekir Lyon
ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကမ္ဘာ့ဖလားပြိုင်ပွဲ ပါဝင်ကစားနေသည့် လိုင်ယွန်ကွင်းလယ်ကစားသမား ဖာကီရာသည် ၎င်းကို လီဗာပူးထံသို့ ပြောင်းရွှေ့ခွင့်ပေးပါရန် အသင်းတာဝန်ရှိသူများထံ ပန်ကြားတောင်းဆိုထားမှုကို လိုင်ယွန်ဒါရိုက်တာဘုတ်အဖွဲ့က လက်ခံပေးလိုက်ပြီဖြစ်ပြီး ယင်းအတွက် လီဗာပူးအသင်းမှာ ဖာကီရာကို ခေါ်ယူရေးလုပ်ငန်းစဉ်အတွက် လိုင်ယွန်နှင့် ဆွေးနွေးညှိနှိုင်းမှုများကို တစ်ကျော့ပြန်လည် စတင်လိုက်နိုင်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
07-Jul-2018 tagged as Soccer PSG Ligue Buffon
ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းသည် ဝါရင့်ဂိုးသမားကြီးဘူဖွန်ကို တစ်နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် လက်မှတ်ရေးထိုးခေါ်ယူကာ အသင်းကစားသမားအဖြစ် တရားဝင် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။