News

POST TAGGED AS

LA LIGA

23-Sep-2018 tagged as Soccer La Liga Real Madrid Florentino Perez
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် အသင်းအနေနှင့် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်နေသည့် အမေရိကန်ပြည်ထောင်စုတွင် လာလီဂါပွဲစဉ်များကျင်းပရေး လုပ်ငန်းစဉ်၌ ပူးပေါင်းပါဝင်သွားမည်မဟုတ်ဟု အသိပေးလိုက်ကြောင်း Marca က ဖော်ပြထားသည်။
21-Sep-2018 tagged as Soccer La Liga Real Madrid Sergio Ramos
ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား ရာမို့စ်သည် ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်တွင် အဝါကတ်အများဆုံး ပြသအရေးယူခြင်းခံရသည့် ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
18-Sep-2018 tagged as Soccer La Liga FIFA USA
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ဥက္ကဋ္ဌ အင်ဖန်တီနိုသည် အမေရိကန်ပြည်ထောင်စုတွင် လာလီဂါပွဲစဉ်တစ်ပွဲ ကျင်းပရန် လာလီဂါပြိုင်ပွဲကျင်းပရေးကော်မတီက စီစဉ်ထားသည်ကို ကန့်ကွက်ဝေဖန်လိုက်ပြီဖြစ်ပြီး အသင်းတစ်သင်းအတွက် အိမ်ကွင်းပွဲစဉ်ဟူသည်မှာ စစ်မှန်သောအိမ်ကွင်းတွင် အမာခံပရိသတ်များအတွက် ကျင်းပပေးသောပွဲစဉ်မျိုးသာဖြစ်သင့်ကြောင်း အင်ဖန်တီနိုက ထောက်ပြလိုက်သည်ဟု BBC က ဖော်ပြထားသည်။
14-Sep-2018 tagged as Soccer La Liga Barcelona
ဘာစီလိုနာအသင်း၏လက်ရှိ ၂၀၁၈-၁၉ ဘောလုံးရာသီ လုပ်ခလစာပေးချေမှုအသုံးစရိတ်သည် ရီးရဲလ်မက်ဒရစ်ထက် ပေါင်သန်း ၆၀ ပိုမိုများပြားလိမ့်မည်ဖြစ်ကြောင်း AS က ဖော်ပြထားသည်။
14-Sep-2018 tagged as Soccer La Liga Real Madrid Florentino Perez
ရီးရဲလ်မက်ဒရစ်အသငင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ခေတ်သစ်ကြယ်စင်စုအသင်းသစ်တစ်သင်းတည်ထောင်မှုကို ပေါင်သန်း ၃၃၀ အကုန်အကျခံကာ ဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
12-Sep-2018 tagged as Soccer La Liga Barcelona Munir
ဘာစီလိုနာတိုက်စစ်မှူး မူနီယာ အယ်လ်ဟတ်ဒ်ဒါဒီသည် မက်ဒရစ်မြို့ရှိ ညကလပ်တစ်ခုတွင် မွေးနေ့ပွဲကျင်းပခဲ့ပြီးသည့်နောက်၌ ကျသင့်ငွေကို ရှင်းမပေးခဲ့သည့်အတွက် ရဲတပ်ဖွဲ့၏ခေါ်ယူစစ်မေးမှုဖြင့် ရင်ဆိုင်ခဲ့ရကြောင်း The Mirror က ဖော်ပြထားသည်။
11-Sep-2018 tagged as Soccer La Liga Real Madrid Modric
ဘာစီလိုနာကွင်းလယ်ကစားသမား ရာကီတစ်နှင့် ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်တို့သည် ၂၀၁၈ ခုနှစ် စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်မည့် ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မိုဒရစ်သာ ရရှိသင့်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
10-Sep-2018 tagged as Soccer La Liga Real Madrid Salah Ramos
ရီးရဲလ်မက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်သည် ရီးရဲလ်မက်ဒရစ်က လီဗာပူးကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးတွင် ၎င်းနှင့် ၎င်း၏မိသားစုဝင်များ အသက်အန္တရာယ်ခြိမ်းခြောက်မှုများဖြင့် ရင်ဆိုင်ခဲ့ရသည်ကို မည်သူကမျှ မသိရှိခဲ့ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း AS က ဖော်ပြထားသည်။
10-Sep-2018 tagged as Soccer La Liga Real Madrid Rafael Nadal
ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမား နာဒယ်လ်ကို တစ်နေ့နေ့တွင် ရီးရဲလ်မက်ဒရစ်အသင်း၏ဥက္ကဋ္ဌအဖြစ် မြင်တွေ့လိုသည်ဟု ဖွင့်ဟပြောကြားလိုက်ကြောင်း Marca က ဖော်ပြထားသည်။