News

POST TAGGED AS

JUVENTUS

လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်သည် ၎င်းကိုခေါ်ယူရန် မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်တို့က ကမ်းလှမ်းဆက်သွယ်ခဲ့သည်ကို ငြင်းဆန်ပယ်ချ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူလိုက်ခြင်းဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် ဂျူဗင်တပ်တိုက်စစ်မှူး ဒိုင်ဘာလာကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကာ ဒိုင်ဘာလာကို ရရှိရန်အတွက် ကွင်းလယ်လူ ပေါ့ဂ်ဘာ၏အကူအညီကို ရယူရန် မန်ယူအသင်းတာဝန်ရှိသူများက ကြံရွယ်နေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
25-Dec-2017 tagged as Soccer Ibrahimovic Juventus Capello
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြဟောင်းတစ်ဦးဖြစ်သူ ကာပယ်လိုသည် မန်ယူတိုက်စစ်မှူး အီဘရာဟီမိုဗစ်မှာ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့စဉ်ကာလက ယခုကဲ့သို့ ကန်ချက်ကောင်းမွန်သူတစ်ဦး မဟုတ်ခဲ့ကြောင်း ရှင်းပြသွားခဲ့ပြီး အီဘရာဟီမိုဗစ် တိုးတက်လာစေရန်အတွက် ၎င်းအနေနှင့် သင်ကြားပြသမှုပေါင်းများစွာ လုပ်ဆောင်ခဲ့ရဖူးကြောင်း ကာပယ်လိုက ဆက်လက် အသိပေးသွာခဲ့သည်ဟု Football Italia က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Buffon Juventus
ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များအတွက် ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိသွားခဲ့ပြီး တစ်နှစ်တာအကောင်းဆုံးအသင်းရွေးချယ်ရာတွင်လည်း ဂျူဗင်တပ်အသင်းက ကစားသမား ခုနစ်ဦးဖြင့် အရေအတွက်အများဆုံး ပါဝင်သွားခဲ့ကြောင်း Football Italia က ဖော်ပြထားသည်။
28-Nov-2017 tagged as Soccer Serie A Italy Buffon Juventus
နိုင်ငံတကာလက်ရွေးစင်ကစားသမားဘ၀က အနားယူပြီဖြစ်ကြောင်း အတည်ပြုထားပြီဖြစ်သည့် ဂျူဗင်တပ်ဂိုးသမား ဘူဖွန်သည် အီတလီလက်ရွေးစင်အသင်းအတွက် လိုအပ်လာခဲ့မည်ဆိုပါက ၎င်းအနေနှင့် ပြန်ကစားပေးရန် အမြဲတစေ အဆင်သင့်ရှိနေမည်သာဖြစ်ကြောင်း ဖွင့်ဟအသိပေးလိုက်သည်ဟု Football Italia က ဖော်ပြထားသည်။
ဂျူဗင်တပ်အသင်းသည် လီဗာပူးကွင်းလယ်ကစားသမား အမ်မရီကန်ကို ခေါ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးအချက်အလက်များ သဘောတူညီမှု ရယူလိုက်နိုင်ပြီဖြစ်ပြီး ယင်းအတွက် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အမ်မရီကန်မှာ လီဗာပူးကိုစွန့်ခွာ၍ ဂျူဗင်တပ်ထံသို့ ပြောင်းရွှေ့သွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။