News

POST TAGGED AS

JOHN TERRY

09-Sep-2018 tagged as Soccer John Terry Spatak Moscow
ရုရှားကလပ် စပါးတပ်မော်စကိုအသင်းသည် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကို တစ်နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူလိုက်ပြီဖြစ်ပြီး တယ်ရီမှာ ယင်းသို့ တစ်နှစ်သက်တမ်း ကစားပေးခြင်းအတွက် အခွန်ဆောင်ခြင်းအပြီးအစီး လုပ်ခလစာအဖြစ် ပေါင်သုံးသန်း ရရှိလိမ့်မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းနည်းပြ မော်ရင်ညိုသည် အသင်းခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ၎င်း၏တပည့်ဟောင်း ဂျွန်တယ်ရီနှင့် အက်သလက်တီကိုနောက်ခံလူ လူးကပ်စ်ဟာနန်ဒက်စ်တို့ကိုခေါ်ယူရန် စီစဉ်နေကြောင်း Daily Star က ဖော်ပြထားသည်။
အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘဝဖြတ်သန်းနေသော ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် အသင်းအနေနှင့် ၎င်းကို စာချုပ်သစ်ချုပ်ဆိုလိုပါက ယင်းစာချုပ်သစ်တွင် ချယ်လ်ဆီးနှင့်ထိပ်တိုက်တွေ့သောပွဲစဉ်များ၌ ၎င်းကို ထည့်သွင်းအသုံးမပြုဟူသည့် သဘောတူညီချက်တစ်ရပ်ကို ထည့်သွင်းရန် လိုအပ်လိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း The Mirror က ဖော်ပြထားသည်။
ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာအသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် ချယ်လ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီသည် လက်ရှိမန်ယူနည်းပြမော်ရင်ညို စုဖွဲ့ပုံဖော်ခဲ့သည့် ပထမဆုံးချယ်လ်ဆီးအသင်းမှာ လက်ရှိမန်စီးတီးအသင်းကို အနိုင်ယူနိုင်စွမ်း အပြည့်ရှိကြောင်း သုံးသပ်ပြောကြားလိုက်သည်ဟု The Sun က ဖော်ပြထားသည်။