News

POST TAGGED AS

IS

26-Aug-2018 tagged as IS ခေါင်းဆောင်
တစ်နှစ်နီးပါးကာလအတွင်း ပထမဆုံးအကြိမ် IS အဖွဲ့ခေါင်းဆောင် အဘူဘေကာအယ်လ်ဘာဒါဒီ၏ မိန့်ခွန်းအသံဖိုင် ထွက်ပေါ်လာခဲ့ပြီး နောက်လိုက်နောက်ပါများအနေနှင့် မဆုတ်မနစ် ဆက်လက်အားထုတ်ကြရန် ဘာဒါဒီက တိုက်တွန်းထားကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
ဆီးရီးယားတောင်ပိုင်း ဆွီဒါပြည်နယ်ရှိ ကျေးရွာတစ်ရွာကို IS အဖွဲ့က တိုက်ခိုက်ခဲ့ပြီး အနည်းဆုံးအမျိုးသမီးများနှင့် ကလေးများ စုစုပေါင်း ၃၆ ဦး ခန့်ကို ပြန်ပေးဆွဲခေါ်ဆောင်သွားသည်ဟု ဆီးရီးယား လူ့အခွင့်အရေးအကဲခတ် စောင့်ကြည့်ရေးအုပ်စုက ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
03-Jul-2018 tagged as IS Soccer World Cup Russia Moscow
ရုရှားရဲတပ်ဖွဲ့သည် မော်စကိုမြို့ရှိ ပရိသတ်စုရပ်တစ်ခုအနီးတွင် သံသယဖြစ်ဖွယ်ရာ အထုပ်တစ်ထုပ်တွေ့ခဲ့၍ လမ်းမများအားလုံးကို ပိတ်ဆို့၍ စစ်ဆေးမှုများ ဆောင်ရွက်လိုက်ကြရကြောင်း The Mirror က ဖော်ပြထားသည်။
IS အဖွဲ့က ပြန်ပေးဆွဲထားသူ ၈ ဦးကို သတ်ဖြတ်ခဲ့ခြင်းအပေါ် အမြန်ဆုံးလက်တုံ့ပြန်ရန် အီရတ်ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ပြီးနောက် IS အကျဉ်းသား ၁၃ ဦးကို အကြမ်းဖက်မှုဖြင့် စွဲချက်တင်ကာ ကွပ်မျက်လိုက်သည်ဟု အီရတ်တရားရေး ဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ကြေညာကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
13-May-2018 tagged as အီရတ် IS
အီရတ်နိုင်ငံတွင် IS အဖွဲ့ကို မနှစ်က အနိုင်ယူ အောင်ပွဲခံပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လွှတ်တော်ရွေးကောက် ပွဲများကိုကျင်းပခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
29-Apr-2018 tagged as IS ဂျာမနီ
IS အဖွဲ့ဝင်များ၏ ဇနီးနှစ်ဦးနှင့် ကလေးသုံးဦးသည် အီရတ်မြောက်ပိုင်းမှ ဂျာမနီသို့ ပြန်လာခွင့်ရရှိသွားပြီး ဖမ်းဆီးခံရမည်မဟုတ်ဟု DW သတင်းတွင် ဖော်ပြထားသည်။
အီရတ်နှင့် ဆီးရီးယားရောက် နိုင်ငံခြားသား IS တပ်ဖွဲ့ဝင်ကလေးငယ်များအား မူလဇာတိနိုင်ငံသို့ ပြန်လာခွင့်ပေးရေးကို နိုင်ငံရေးသမားများနှင့် လုံခြုံရေးဌာနများ အငြင်းပွားနေကြသောကြောင့် ထိုကလေးများသည် အီရတ်နှင့် ဆီးရီးယားအကျဉ်းထောင်များတွင် ၎င်းတို့၏မိခင်များနှင့်အတူ သောင်မတင် ရေမကျဖြစ်နေသည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
ဆီးရီးယားနိုင်ငံတွင်းရှိ IS စစ်သွေးကြွများကို အတူ ပူးပေါင်းကာ တိုက်ခိုက်ချေမှုန်းသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့က သဘောတူညီမှု ရရှိထားပြီ ဖြစ်သည်ဟု ရုရှားအစိုးရက သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
အာဖဂန်နစ္စတန်နိုင်ငံရှိ မွတ်ဆလင် ဗလီနှစ်လုံးကို IS စစ်သွေးကြွများက အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ရာ ဝတ်ပြုဆုတောင်း သူ ၆၀ ကျော် သေဆုံးသွားသည်ဟု အစိုးရအရာရှိများက ပြောကြားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။