News

POST TAGGED AS

ICC

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘင်္ဂါလီဒုက္ခသည်များ လူမျိုးတုံးရှင်းလင်းခံရသည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်မည့် အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ္စမစ်ရှဲလ်ဘားရှက်လက်က အကြံပြုပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
07-Sep-2018 tagged as ဘင်္ဂါလီ ICC
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတွင် ဘင်္ဂါလီများကို လူမျိုးဖြုတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ပြီး ယင်းလူမျိုးများအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မောင်းထုတ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ မိမိတို့တွင် စုံစမ်းဖော်ထုတ်ကာ တရားစီရင်ပိုင်ခွင့်ရှိသည်ဟု နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) က ကြေညာချက်ထုတ်ပြန်လိုက်ကြောင်း Financial Times သတင်းစာက ရေးသားဖော်ပြသည်။
အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံး (ICC) မှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက အခြားနိုင်ငံများလည်း အလားတူ နုတ်ထွက်ကြရန် တိုက်တွန်းခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လက ဒူတာတေး၏ အသေအပျောက်များသော မူးယစ်စစ်ပွဲကို စုံစမ်းစစ်ဆေးမည်ဟု ICC က ကြေညာထားသည်။