News

POST TAGGED AS

GARY NEVILLE

လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်က လီဗာပူးအနေနှင့် ချန်ပီယံလိဂ်တွင် ချန်ပီယံဖြစ်ခွင့်ရရေးထက် ပရီးမီးယားလိဂ်အမှတ်ပေးပြိုင်ပွဲတွင် ဗိုလ်စွဲခွင့်ရနိုင်ရေးကို အာရုံစူးစိုက်ခြင်းက ပို၍ သာလွန်ကောင်းမွန်လိမ့်မည်ဟု ပြောကြားလိုက်သော စကားရပ်များကို ဒေါသထွက်နေကြောင်း The Mirror က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မန်ယူအနေနှင့် ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်မည်ဆိုပါက အသင်းအခြေအနေမှာ ယခုထက်ပို၍ များစွာ တိုးတက်ကောင်းမွန်သွားလိမ့်မည်ဟု အသိပေးပြောကြားလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Sep-2018 tagged as Soccer Harry Kane England Gary Neville
ရုပ်သံအစီအစဉ်တင်ဆက်သူအဖြစ် တာဝန်ထမ်းဆောင်နေသော မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟယ်ရီကိန်းကို စိတ်ပိုင်းဆိုင်ရာယုံကြည်မှု ပြန်လည်တည်ဆောက်နိုင်စေရန်အတွက် အနားပေးရန် လိုအပ်နေပြီဟု အကြံပြုတိုက်တွန်းလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် အသင်းတာဝန်ရှိသူများအနေနှင့် မော်ရင်ညို အလိုရှိသော ကစားသမားများကို ခေါ်ယူပေးလိုခြင်း မရှိပါက မော်ရင်ညိုကိုလည်း စာချုပ်သက်တမ်းမတိုးခဲ့သင့်ဟု ဝေဖန်ထောက်ပြလိုက်ကြောင်း Mail Online က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်သည် မော်ရင်ညိုအလွန် ခေတ်ကာလတစ်ခုတွင် မန်ယူအတွက် နည်းပြသစ်တစ်ဦး ထပ်မံရွေးချယ်ပါက အသင်းတာဝန်ရှိသူများအနေနှင့် စပါးနည်းပြ ပိုချက်တီနိုကို ထည့်သွင်း မစဉ်းစားမိရန် လိုသည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သော ဂယ်ရီနဗီးလ်သည် စပါးနည်းပြ ပိုချက်တီနိုကို အနာဂတ်မန်ယူနည်းပြအဖြစ် ထောက်ခံလိုက်ပြီး လာမည့် တစ်နှစ် သို့မဟုတ် ၂နှစ်အတွင်းတွင် ပိုချက်တီနိုမှာ မန်ယူကို တာဝန်ယူရန်အသင့်ဖြစ်လာလိမ့်မည်ဟု ဂယ်ရီနဗီးလ်က မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။