News

POST TAGGED AS

FELLAINI

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက ဘန်လေကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ကွင်းလယ်၌ ဖယ်လိုင်နီကို မာတစ်နှင့်တွဲဖက်ပွဲထုတ်ခဲ့ပြီး လက်ရှိအခြေအနေများအရ ဖယ်လိုင်နီမှာ မန်ယူ၏ခံစစ်အကျပ်အတည်းကို ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မော်ရင်ညိုက ယုံကြည်ချက်ထားရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။
ချယ်လ်ဆီးနည်းပြ မော်ရင်ညိုသည် ချယ်လ်ဆီးက မန်ယူကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အက်ဖ်အေဖလားဗိုလ်လုပွဲအပြီးတွင် တိုက်စစ်မှူး လုကာကုနှင့် ကွင်းလယ်လူ ဖယ်လိုင်နီတို့၏အသင်းအပေါ်ထားရှိသော စိတ်ထားကို မေးခွန်းထုတ်သွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူက အာဆင်နယ်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေမျက်စိ ထိခိုက်ဒဏ်ရာရသွားခဲ့သော မန်ယူတိုက်စစ်မှူး လုကာကုသည် လက်ရှိအချိန်တွင် ဒဏ်ရာသက်သာပျောက်ကင်းကာ ကြံ့ခိုင်မှုအခြေအနေ တိုးတက်လာသည့်အတွက် လာမည့်မေလ ၁၉ ရက်နေ့တွင် မန်ယူနှင့် ချယ်လ်ဆီးတို့ ယှဉ်ပြိုင်ကစားရမည့် အက်ဖ်အေဖလားဗိုလ်လုပွဲ၌ အသင်းအတွက် ပွဲထွက်ကစားပေးနိုင်ရန် နီးစပ်မှုများရှိနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ၎င်းကို အသင်းဘက်က ၂ နှစ်သက်တမ်းစာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ပါက ချက်ချင်းပင် လက်ခံပေးသွားမည်ဟု အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် တူရကီကလပ် ဘက်ဆစ်တက်ထံသို့ ပြောင်းရွှေ့ကစားရန်အတွက် မူအရ သဘောတူညီထားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီဖြစ်ကာ ဘက်ဆစ်တပ်မှာ ဂါလာတာစာရေးနှင့် ဖီနာဘာချီတို့ကို ကျော်ဖြတ်၍ ဖယ်လိုင်နီကို ခေါ်ယူရရှိသွားခဲ့ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား လင်းဂတ်ဒ်သည် စပါးက မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းကို နည်းပြမော်ရင်ညိုက လူစားလဲလှယ်လိုက်သည့်အတွက် ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့ပြီး ၀တ်ဆင်ရန်ပေးအပ်သည့် အနွေးအင်္ကျီကို လွှင့်ပစ်လိုက်ခြင်းဖြင့်ပင် လင်းဂတ်ဒ်က ၎င်း၏မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် ပလေးဘွိုင်းကိုယ်ဟန်ပြမယ် ဗစ်တိုးရီးယား ဘွန်ယာနှင့် ချိန်းဆိုတွေ့ဆုံကာ ညစာစားခဲ့ပြီး ရုရှားသတင်းမီဒီယာများကမူ ဖယ်လိုင်နီနှင့် ဘွန်ယာတို့ လျှို့လျှို့ဝှက်ဝှက် တွေ့ဆုံနေခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ခန့်ကတည်းကပင်ဖြစ်သည်ဟု အသိပေးထားကြောင်း The Sun က ဖော်ပြထားသည်။
24-Nov-2017 tagged as Soccer Mourinho Manchester United Fellaini
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်းအနေနှင့် အသင်းကွင်းလယ်ကစားသမား ဖယ်လိုင်နီကို လက်လွှတ်ဆုံးရှုံးလိုက်ရမည်အား လွန်စွာစိုးရိမ်ပူပန်နေကြောင်း ဖွင့်ဟ၀န်ခံလိုက်သည်ဟု Sportmail က ဖော်ပြထားသည်။
မန်ယူအသင်းသည် ဖယ်လိုင်နီကို စာချုပ်သစ်လက်မှတ်ရေးထိုးရန် အဆင်မပြေဖြစ်ခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် ကစားသမားသစ်တစ်ဦးခေါ်ယူရန် စီစဉ်တော့မည်ဖြစ်ပြီး မန်ယူနည်းပြမော်ရင်ညို၏ပစ်မှတ်စာရင်းတွင် ထိပ်ဆုံးနေရာ၌ ရှိနေသူမှာ ရှက်တာဒိုးနက်ကွင်းလယ်လူ ဖရက်ဒ်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။
05-Nov-2017 tagged as Soccer Manchester United Fellaini
မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစု New Balance ကို တရားစွဲဆိုလိုက်ပြီဖြစ်ပြီး ယင်းသို့ တရားစွဲဆိုရသည်မှာ New Balance ကုမ္ပဏီထုတ် ဘောလုံးကန်ဖိနပ်များက ၎င်း၏ခြေထောက်ကို လွန်စွာနာကျင်စေခဲ့ခြင်းကြောင့်ဖြစ်သည်ဟု ဖယ်လိုင်နီက ရှင်းပြသွားခဲ့ကြောင်း The Sun က ဖော်ပြထားသည်။