News

POST TAGGED AS

FDA

14-Sep-2018 tagged as FDA စလေမြို့
စလေမြို့ ပြည်သူ့ဈေးရှိ စားသောက်ကုန်အရောင်းဆိုင်များကို မကွေးခရိုင် FDA နှင့် စားသုံးသူရေးရာဌာနပေါင်း၍ ယနေ့ စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်းက လိုက်လံစစ်ဆေးရာ ရက်လွန်မုန့်နှင့် အချိုရည်ဗူးမျိုးစုံ ရောင်းချသည်ကိုတွေ့ရှိကြောင်း စစ်ဆေးရေးအဖွဲ့ထံမှ သိရှိရသည်။
31-Aug-2018 tagged as FDA နေပြည်တော်
ပြည်သူလူထု၏ အဓိကစားသောက်ကုန်များကို FDA ( အစားအသောက်နှင့် ဆေးဝါးမှတ်ပုံတင်ဌာန) ၏ စစ်ဆေးပြီးသော အမှတ်တံဆိပ်ပါရှိနိုင်မည့် အခြေအနေကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားသည်။
10-Aug-2018 tagged as ရန်ကုန် FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန် (FDA) က ဘုရင့်နောင်ပွဲရုံအတွင်းရှိ ငရုတ်သီးခြောက်နှင့် ငရုတ်သီးမှုန့် ရောင်းချလျက်ရှိသည့် ပွဲရုံများနှင့် ကုန်စုံဆိုင်များကို ဩဂုတ်လ ၉ ရက်နေ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ယင်းဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
25-Jul-2018 tagged as မန္တလေး FDA
မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုးဆေးကင်းစင်သော ဈေးအဖြစ် မန္တလေးဈေးချိုတော်ကို ဇူလိုင်လ ၂၅ ရက်နေ့တွင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန FDA က ကြေညာလိုက်သည်။
18-Jul-2018 tagged as မန္တလေး FDA
မန္တလေးဈေးချိုတော်ကို မြန်မာနိုင်ငံ၏ ပထမဆုံးသော ခွင့်မပြုဓာတုဆိုး ဆေးကင်းစင်သောဈေးအဖြစ် ဇူလိုင်လ ၂၅ ရက်နေ့တွင် ကြေညာမည်ဖြစ်ကြောင်း အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာန (မန္တလေး)၊ ဒုတိယ ညွန်ကြားရေးမှူး ဒေါက်တာကျော်ကျော်က ပြောကြားသည်။
FDA ဝန်ထမ်းအမျိုးသမီး အသတ်ခံရမှုမှ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (ဂ)ဖြင့် စွဲချက်တင်စစ်ဆေးနေသော အငှားယာဉ်မောင်း မျိုးဇော်ဦး (ခ) ဆီဒိုးနားကို ဇွန်လ ၂၂ ရက် (ယနေ့) တွင် သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးထံမှ သိရသည်။
ဧရာဝတီတိုင်းအတွင်းရှိ အခြေခံ ပညာကျောင်းများ၌ ယခုပညာသင်နှစ်တွင် ကျောင်းမုန့် ဈေးတန်းများ၌ ရောင်းချနေသော စားသုံးရန်မသင့်သည့်မုန့်များကို ကျောင်းသား၊ ကျောင်းသူများ ရှောင်ကြဉ်နိုင်ရေးအတွက် အသိပညာပေးရေး လှုပ်ရှားမှုကို ဇွန်လ ၂၀ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။
19-Jun-2018 tagged as မန္တလေး FDA
နိုင်ငံခြားဖြစ်ဆေးလိပ်နှင့် ဆေးလိပ်ဘူးပုံစံ ထုပ်ပိုးထားသည့် ချိုချဉ်များကို အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (မန္တလေး) က ဈေးကွက်အတွင်းမှ သိမ်းဆည်းကာ ရောင်းချသည့်ဆိုင်ရှင်ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့် သားသတ်ဌာနက ခံဝန်ထိုးခိုင်းခဲ့သည်။
11-Jun-2018 tagged as ရန်ကုန် FDA
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) ၏ ထောက်ခံချက် ရယူထားခြင်းမရှိဘဲ ပြည်တွင်းဈေးကွက်ထဲသို့ ဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီသုံးခုကို ဗဟန်းမြို့မ ရဲစခန်းတွင် အမျိုးသားအစားအသောက် ဥပဒေ ပုဒ်မ ၃၁ ဖြင့် အမှုများ အသီးသီးရေးဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဂတိလိုက်စားမှုဥပဒေဖြင့် တရားရင်ဆိုင်နေရသည့် FDA ညွှန်ချုပ် ဒေါက်တာသန်းထွဋ်အမှုကို ယ​နေ့ လေးကြိမ်မြောက်ရုံးထုတ်စစ်ဆေးရာတွင် မြို့နယ် တရားသူကြီး ၂ ဦးကို တရားလိုပြသက်သေများအဖြစ် စစ်ဆေးခဲ့သည်။