News

POST TAGGED AS

DELE ALLI

အင်္ဂလန်လက်ရွေးစင်အသင်းကွင်းလယ်ကစားသမား အယ်လ်လီသည် စပိန်က အင်္ဂလန်ကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ဥရောပနိုင်ငံများလိဂ်အုပ်စုပွဲစဉ်တွင် ကြွက်သားထိခိုက်မှု အသေးစားဒဏ်ရာတစ်ရပ်ရရှိသွားခဲ့သည့်အတွက် လက်ရွေးစင်အသင်းလူစာရင်းမှနေ၍ နုတ်ထွက်သွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
06-Sep-2018 tagged as Soccer Premier League Tottenham Dele Alli
စပါးကွင်းလယ်ကစားသမား အယ်လ်လီသည် ကမ္ဘာတစ်လွှားရှိ လူအများအကြားတွင် ထင်ပေါ်ကျော်ကြားသွားခဲ့သော အယ်လ်လီအောင်ပွဲခံဟန်(Alli Celebration)ကို သင်ကြားပေးခဲ့သူများမှာ လက်စတာတိုက်စစ်မှူး ဗာဒီ၏ရင်သွေးများဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ကြောင်း Sportmail က ဖော်ပြထားသည်။
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် စပါးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမည့် မြောက်လန်ဒန်ဒါဘီပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လာခဲ့ရာတွင် အင်္ဂလန်ကစားသမားများမှာ ဟန်ဆောင်ဒိုင်ဗင်ထိုးရာ၌ ကျွမ်းကျင်ပါရဂူအဆင့်သို့ ရောက်လာခဲ့ပြီဟု မှတ်ချက်ပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
စပါးနည်းပြ ပိုချက်တီနိုသည် အသင်းကွင်းလယ်ကစားသမား အယ်လ်လီကို ဟန်ဆောင်ဒိုင်ဗင်ထိုးသည့်အပြုအမူကို ဆက်လက်လုပ်ဆောင်ရန် အားပေးအားမြှောက်ပြုသည့် စကားရပ်များ ပြောကြားလိုက်ခြင်းကြောင့် ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
11-Jan-2018 tagged as Soccer Premier League Tottenham Dele Alli
စပါးအသင်းတာဝန်ရှိသူများသည် ကွင်းလယ်ကစားသမား အယ်လ်လီကို စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်ပြီး ယင်းစာချုပ်သစ်တွင် အယ်လ်လီ၏တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို ပေါင်တစ်သိန်းထိ ပေးအပ်သွားရန် စပါးအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းကွင်းလယ်ကို အားဖြည့်ရန်အတွက် စပါးကွင်းလယ်လူ အယ်လ်လီကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး အယ်လ်လီကိုခေါ်ယူရရှိနိုင်မည်ဆိုပါက မန်ယူမှာ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၈၀ အထိ အသုံးပြုရန် ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
05-Nov-2017 tagged as Soccer Tottenham Dele Alli
စပါးကွင်းလယ်ကစားသမား အယ်လ်လီသည် အသေးစား တံကောက်ကြောဒဏ်ရာတစ်ရပ် ရရှိထားသည့်အတွက် ဂျာမနီ၊ ဘရာဇီးတို့နှင့် ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ကစားပေးနိုင်တော့မည်မဟုတ်ကြောင်း The Sun က ဖော်ပြထားသည်။