News

POST TAGGED AS

DANI ALVES

22-Dec-2017

Soccer Neymar PSG Ligue Dani Alves
အသင်းဖော်များကို နေမာနှင့် အဲလ်ဗက်စ်တို့ အထက်စီးမှနေ၍ ဆက်ဆံလျက်ရှိ၊ အသင်း၏နည်းပြများကဲ့သို့ ၎င်းတို့နှစ်ဦး ပြုမူနေ

ပဲရစ်၊ ဒီဇင်ဘာ ၂၂

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး နေမာနှင့် နောက်ခံလူ အဲလ်ဗက်စ်တို့သည် ၎င်းတို့၏အသင်းဖော်များကို အထက်စီးမှနေ၍ ဆက်ဆံမှုများရှိနေပြီး အသင်းအ၀တ်လဲခန်းအတွင်း၌ ၎င်းတို့နှစ်ဦးက နည်းပြများကဲ့သို့ ပြုမူသည့်အတွက် အသင်းဖော်အချို့နှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေကြောင်း ပေါ်တူဂီသတင်းစာ O Jogo က ဖော်ပြထားသည်။

နေမာနှင့် အဲလ်ဗက်စ်တို့သည် တစ်ခါတစ်ရံတွင် အသင်းဖော်များကို မလေးစားသည့် အပြုအမူမျိုးဖြင့်ပင် ဆက်ဆံတတ်လေ့ရှိကြောင်း သတင်းများလည်း ထွက်ပေါ်နေပြီး ယင်းသို့သော အမူအကျင့်များကြောင့် နည်းပြ ယူနိုင်းအမ်မရီနှင့် ၎င်းတို့နှစ်ဦးအကြားတွင် ပုဂ္ဂိုလ်ရေးသဘောထားတင်းမာမှုများလည်း ဖြစ်ပေါ်လျက်ရှိသည်။

နေမာနှင့် အဲလ်ဗက်စ်တို့သည် ၎င်းတို့နှင့် ပလဲနံပသင့်သူများကို မျက်နှာသာပေးဆက်ဆံတတ်သော်လည်း ၎င်းတို့နှစ်ဦးနှင့် ဆက်ဆံရေးအဆင်မပြေသူများကိုမူ ဖိနှိပ်တတ်သည့်အတွက် နာမည်ဆိုးထွက်နေပြီး ပီအက်စ်ဂျီစီနီယာကစားသမားအများစုကလည်း အသင်းပိုင်ရှင်နှင့် အသင်းဒါရိုက်တာဘုတ်အဖွဲ့ဝင်များမှာ နေမာနှင့် အဲလ်ဗက်စ်တို့ကို အခွင့်အရေးများ မတန်တဆ ပေးအပ်ထားလွန်းသည်ဟု ထင်မြင်ယူဆမှုများရှိနေပြီဖြစ်သည်။

နေမာသည် လာမည့် ၂၀၁၈ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ဖြစ်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပြီး အပြောင်းအရွှေ့ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပီအက်စ်ဂျီအသင်းတာဝန်ရှိသူများက နေမာ၏ဖခင်နှင့် တွေ့ဆုံစကားပြောဆိုမှုများပင် ရှိနေပြီဖြစ်သည်။



FOLLOW US