News

POST TAGGED AS

ANDER HERRERA

မန်ယူအသင်းတာဝန်ရှိသူများသည် အသင်းကွင်းလယ်ကစားသမား ဟာရီရာကို စာချုပ်သစ်ချုပ်ဆိုနိုင်ရေးအား လာမည့်စက်တင်ဘာလအတွင်း၌ အပြီးအပြတ် ဆွေးနွေးသွားရန် ရည်မှန်းထားပြီး ဟာရီရာကိုယ်တိုင်ကလည်း မန်ယူထံတွင်သာ ကစားသမားဘ၀ ဆက်လက်ဖြတ်သန်းလိုစိတ်ရှိနေခြင်းကြောင့် စာချုပ်သစ်မှာ လွယ်လင့်တကူဖြင့်ပင် အကောင်အထည်ပေါ်လာလိမ့်မည်ဟု မန်ယူအသင်းတာဝန်ရှိသူများက ရည်မှန်းထားကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသောစာချုပ်များ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သော ကွင်းလယ်ကစားသမား ဟာရီရာနှင့် မာတာတို့သည် ၎င်းတို့၏အနာဂတ်အတွက် တိကျသေချာဆုံးဖြတ်ချက်များကိုချမှတ်ရန် ပြင်ဆင်နေကြပြီဖြစ်ပြီး ဟာရီရာမှာ မန်ယူထံတွင် ဆက်ရှိဖွယ်ရှိသော်လည်း မာတာကမူ ၎င်း၏အသင်းဟောင်း ဗလင်စီယာထံသို့ ပြန်လည်ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း Daily Mail က ဖော်ပြထားသည်။
လာလီဂါပြိုင်ပွဲဆိုင်ရာ တရားရေးအကျိုးဆောင်ရှေ့နေများသည် မန်ယူကွင်းလယ်ကစားသမား ဟာရီရာကို လာလီဂါတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း လုပ်ပွဲဖန်တီးကစားခဲ့ခြင်းအတွက် ထောင်ဒဏ်လေးနှစ် ချမှတ်အရေးယူပေးပါရန် အမှုကိုစစ်ဆေးနေသည့် ဂျူရီအဖွဲ့ဝင် တရားသူကြီးများကို တိုက်တွန်းတောင်းဆိုလိုက်ကြောင်း Marca က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား ဟာရီရာသည် ဘယ်ဘက်ပေါင်ဒဏ်ရာရရှိထားသည့်အတွက် သီတင်းပတ်အနည်းငယ်ကြာ အနားယူရတော့မည်ဖြစ်ပြီး ယင်းဒဏ်ရာကြောင့် လာမည့်စနေနေ့တွင် ဟတ်ဒါးစဖီးလ်နှင့်ယှဉ်ပြိုင်ကစားရမည့် အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်တွင် မန်ယူအသင်းလူစာရင်း၌ ဟာရီရာ ပါဝင်လာတော့မည်မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
မန်ယူကွင်းလယ်ကစားသမား လင်းဂတ်ဒ်သည် စပါးက မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ၎င်းကို နည်းပြမော်ရင်ညိုက လူစားလဲလှယ်လိုက်သည့်အတွက် ပြင်းပြင်းထန်ထန် ဒေါသပေါက်ကွဲခဲ့ပြီး ၀တ်ဆင်ရန်ပေးအပ်သည့် အနွေးအင်္ကျီကို လွှင့်ပစ်လိုက်ခြင်းဖြင့်ပင် လင်းဂတ်ဒ်က ၎င်း၏မကျေနပ်မှုကို ထုတ်ဖော်ပြသခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
မန်ယူအသင်းကစားသမားများဖြစ်ကြသည့် ဒီဂီယာ၊ မာတာနှင့် ဟာရီရာတို့သည် ကုန်လွန်ခဲ့သည့် နှစ်သစ်ကူးညကို တစ်ဦးလျှင် စပျစ်သီး ၁၂ လုံးကျစီ စား၍ ဖြတ်သန်းခဲ့ကြောင်း The Sun က ဖော်ပြထားသည်။
မန်ယူအသင်းသည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ၎င်းတို့၏ကွင်းလယ်ကစားသမား ဟာရီရာကိုခေါ်ယူရန် အက်သလက်တီကိုဘက်က တရားဝင် ကမ်းလှမ်းဆက်သွယ်လာခဲ့မည်ဆိုပါက အပြန်အလှန်အားဖြင့် အက်သလက်တီကိုကွင်းလယ်လူ ဆောလ်နီဂွက်ဇ်ကိုခေါ်ယူရန် ပြန်လည်ကြိုးပမ်းသွားလိမ့်မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။