News

POST TAGGED AS

နျူးကလီးယား

ယခုအခါပိတ်လိုက်ပြီဖြစ်သည့် တောင်မြောက်ပူးတွဲစက်မှုဇုန်မှ ရရှိသည့်ငွေများကို မြောက်ကိုရီးယားက လက်နက်စီမံကိန်းတွင် သုံးစွဲခဲ့သည်ဟု ယခင် တောင်ကိုရီးယားအစိုးရ၏ စွပ်စွဲချက်အတွက် သက်သေမရှိကြောင်း ရိုးသားစွာ လက်ခံပါကြောင်း” လက်ရှိ တောင်ကိုရီးယား အစိုးရက ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် စီမံကိန်းနောက်ကွယ်မှ အထင်ရှားဆုံး တာဝန်ရှိသူနှစ်ဦးကို အရေးယူ ပိတ်ဆို့ကြောင်း အမေရိကန်ပြည်ထောင်စုက ထုတ်ပြန်ကြေညာခဲ့ပြီး ရုရှားက ဝါရှင်တန်နှင့် ပြုံယမ်းအကြား ညှိနှိုင်းပေးရန် ကမ်းလှမ်းခဲ့ကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။
မိမိတို့နိုင်ငံအပေါ် ကုလသမဂ္ဂက ချမှတ်လိုက်သော အရေးယူပိတ်ဆို့မှု အသစ်များသည် စစ်ဆင်သည့် လုပ်ရပ်တစ်ခုဟု မြောက်ကိုရီးယား အစိုးရက ဝေဖန်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
မြောက်ကိုရီးယား လက်နက်ထုတ်လုပ်ရေးညီလာခံအကြောင်း ရုပ်သံပြသမှုများတွင် ပြုံယမ်း၏ ပထမဆုံးအဏုမြူဗုံးကို ကွယ်လွန်သူခေါင်းဆောင် ကင်ဂျုံအီးက စစ်ဆေးနေသည့်ပုံကို ပြသခဲ့ပုံရသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
နျူကလီးယားဒုံးကျည်ဆိုင်ရာ သဘောတူညီချက်ကို ရုရှားက ချိုးဖောက်နေသည်ဟု ဝါရှင်တန်က စွပ်စွဲလိုက်ပြီးနောက် တစ်ရက်အကြာတွင် မော်စကိုက ရုရှားသည် အမေရိကန်တို့နှင့် သဘောတူထားသော တာလတ်ပစ်ခရုစ်ဒုံးကျည် ပိတ်ပင်သည့် စစ်အေးခေတ်စာချုပ်ကို အပြည့်အဝ လိုက်နာမှုရှိသည်ဟု စနေနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
အမေရိကန် ပြည်ထောင်စုသည် မြောက်ကိုရီးယားနိုင်ငံကို စီးပွားရေးပိတ်ဆို့ ဟန့်တားမှု ပြုလုပ်သလို ကွန်မြူနစ်ခေါင်းဆောင် ကင်ဂျုံအန်းကို ဖြုတ်ချနိုင်ရေးအတွက် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားနှင့်ဆိုင်သော ပစ္စည်းများ တပ်ဆင်ထားသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး ဂျာဆွန်နမ်က စွပ်စွဲပြောဆိုလိုက်ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။