News

POST TAGGED AS

နျူးကလီးယား

အမေရိကန်ပြည်ထောင်စုသည် စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်နိုင်ရေးအတွက် အီရန်နိုင်ငံသို့ နေ့စဉ် သတင်းပေးပို့လျက်ရှိသည်ဟု သမ္မတဟတ်ဆန် ရိုဟာနီက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောရာတွင် ထည့်သွင်းပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်နိုင်ငံနှင့် အမေရိကန် ပြည်ထောင်စုအကြား ဆက်ဆံရေးတင်းမာလျက် ရှိနေချိန်တွင် ဘာသာရေးခေါင်းဆောင် အယာတိုလာခါမေနီက စစ်ဖြစ်နိုင်စရာမရှိ ကြောင်း၊ သို့သော် အီရန်နိုင်ငံ၏ ကာကွယ် ရေးတပ်ဖွဲ့အနေနှင့် ကာကွယ်ရေးစွမ်းရည် ကို မြှင့်တင်ထားရမည်ဖြစ်သည်ဟု သတိ ပေးပြောကြားလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
အီရန်သမ္မတရိုဟာနီသည် ၂၀၁၃ တွင် အာဏာရလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လွှတ်တော်၏ ဆင့်ခေါ်ခံရမှု ကြောင့် အင်္ဂါနေ့ကလွှတ်တော်သို့ ရောက် ရှိလာခဲ့သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အစီအစဉ် လုံးဝရပ်ဆိုင်းရေးအတွက် အမေရိကန်ဘက်မှ ဖိအားဆက်ပေးရန် ကြိုးစားနေမှုကြောင့် ယင်းကဲ့သို့ လူဆိုးဓားပြဆန်ဆန် အရေးယူပိတ်ဆို့မှုများကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ထိုးနှက်ဝေဖန်ပြောဆိုလိုက်သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာနက သောကြာနေ့တွင် ကြေညာသွားကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကို ရပ်ဆိုင်းမှုမပြုသေးဘဲ ဆက်လက်အကောင်အထည်ဖော် လုပ်ကိုင်နေဆဲပင်ဖြစ်သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အစီရင်ခံစာသစ်တစ်စောင်က ဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။
ယခုအခါ အမေရိကန်အစိုးရသည် နျူကလီးယားလက်နက်ဖြုတ်သိမ်းပေးပါမည်ဟု ဆိုထားသော ကွန်မြူနစ်မြောက်ကိုရီးယား၏ ကတိစကားကို အမှန်တကယ် လုပ်ပါလုပ်ဆောင်လာသည့် အခြေအနေဖြစ်လာအောင် ခက်ခက်ခဲခဲကြိုးပမ်းလျက်ရှိသည်ဟု ပညာရှင်များက ပြောကြားလိုက်ကြောင်း Channel News Asia သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းနှင့် စင်ကာပူ၌တွေ့ဆုံစဉ်ရရှိခဲ့သော သဘောတူညီချက်အရ နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စကို အစောတလျင် လုပ်ဆောင်ရန် မလိုအပ်ဟု သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း CNA သတင်းဌာနက ရေးသားဖော်ပြသည်။
နျူကလီးယားလက်နက်ဖြုတ်သိမ်းရေးကိစ္စတွင် အမေရိကန်ပြည်ထောင်စုသည် ဂိုဏ်းစတားဆန်ဆန် နည်းဗျူဟာများကို အသုံးပြုပြီး တစ်ဖက်သတ်တောင်းဆိုမှုများ ပြုလုပ်လျက်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံက စွပ်စွဲလိုက်ကြောင်း အနောက်မီဒီယာများက ရေးသားဖော်ပြထားသည်။
စင်ကာပူထိပ်သီးဆွေးနွေးပွဲအလွန် အချိန်အခါတွင် မြောက်ကိုရီးယားနိုင်ငံအနေနှင့် နျူကလီးယားဖြုတ်သိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်နှင့်ပတ်သက်သော အချိန်သတ်မှတ်ချက် (အချိန်ဇယား) ပေးကာ လုပ်ဆောင်ပေးရန် အမေရိကန်ပြည်ထောင်စုဘက်က အတိအကျမေးမြန်းမှုများကို မကြာမီပြုလုပ်တော့မည်ဖြစ်သည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံသည် အလုံးစုံ နျူကလီးယား ဖြုတ်သိမ်းရေး လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်နေပြီဖြစ်ရာ နျူကလီးယား စမ်းသပ်ရာနေရာ (ဆိုက်) ကြီးများအနက် အရေးပါသည့်ဆိုက်လေးခုကို ဖောက်ခွဲဖျက်ဆီးပစ်လိုက်ပြီဖြစ်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။