News

POST TAGGED AS

နိုင်ငံရေး

မွန်ပြည်နယ် ရေးမြို့တွင် ကျင်းပမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေး ဦးဆောင်ကော်မတီတစ်ရပ်ကို မေလ ၁ ရက်က ဖွဲ့စည်းလိုက်ကြောင်း အဆိုပါကော်မတီထံမှ သိရသည်။
အဖွဲ့ဝင် ၁၅ နိုင်ငံဖြင့် ဖွဲ့စည်း ထားသော ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်များ၏ မြန်မာနိုင်ငံခရီးစဉ် အတွင်း ပထမဦးဆုံး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် အတိုင်ပင်ခံရုံးတွင် ဧပြီလ ၃၀ ရက် မွန်းလွဲပိုင်း၌ တွေ့ဆုံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားသည်။
ပြည်သူလူထုကို အမှန်တကယ် အဆင့်မြင့်စေချင်တဲ့အစိုးရများဟာ လူထုကို အဆင့်မြင့်လာအောင် နေထိုင်မှု ဓလေ့စရိုက်တွေ ကောင်းလာအောင် နည်းစုံလမ်းကုန်သုံးပြီး လေ့ကျင့်ပေးကြတယ်။ ထိန်းမတ်ပေးကြတယ်။ ပျိုးထောင်ပေးကြတယ်။ ချော့သင့်တာချော့ ခြောက်သင့်တာခြောက် ဥပဒေစည်းမျဉ်းကောင်းတွေ ရေးဆွဲပြဋ္ဌာန်းပြီး စနစ်တကျ ထိထိရောက်ရောက် ပြုပြင်ပြောင်းလဲပေးကြတယ်။
မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ကျင်းပပြုလုပ်သွားမည့် မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ဧပြီလ ၂ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
“ဝ” လက်နက်ကိုင်အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့၏ အစည်းအဝေးကို “ဝ”ဒေသ ပန်ခမ်းတွင် ပြုလုပ်နေကြောင်း အဆိုပါအဖွဲ့များထံမှ သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP-B) တည်ထောင်ခြင်း ၁၈ နှစ်ပြည့် အထိမ်းအမှတ်နှင့် MEMORY OF THE PAST ဟု အမည်ပေးထားသည့် ဓာတ်ပုံပြခန်းဖွင့်ပွဲကို ယနေ့ (မတ်လ ၂၃ ရက်) ကျင်းပမည်ဖြစ်သည်။
မြန်မာ့စစ်ရေးနှင့် နိုင်ငံရေးပြဿနာများကို ဦးဆောင်ဖြေရှင်းပေးရန် “ဝ” တပ်ဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များက တရုတ်အစိုးရကို တောင်းဆိုသည့်အချက်ပါရှိသော ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။
တရုတ်နိုင်ငံရေးစနစ်မှာ ရာသက်ပန်ခေါင်းဆောင် စနစ်တစ်ရပ် ပေါ်ထွန်းလာတာဟာ ခုချိန်မှာ အံ့အားသင့်စရာပါ။ ကျွန်တော်တို့ဟာ ရာသက်ပန်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ အာဏာကို သေတပန်သက်တစ်ဆုံး ဖက်တွယ်ထားခဲ့ကြတဲ့ ခေါင်းဆောင်တွေ ကမ္ဘာမှာ ပေါ်ထွန်းခဲ့ပြီးပါပြီ။ ဒီလို ထာဝရအာဏာရှင် ခေါင်းဆောင်တွေကြောင့် တိုးတက်ထွန်းကားသွားတဲ့ နိုင်ငံမတွေ့ဖူးသေးပါဘူး။
ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ရန် အကြိုးဆွေးနွေးပွဲ ကျင်းပခွင့်အတွက် အစိုးရနှင့် ရှမ်းနိုင်ငံရေး အဖွဲ့အစည်းများအကြား ပြေလည်မှုမရရှိသေးကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောကြားသည်။
28-Feb-2018 tagged as နိုင်ငံရေး
နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး စသည့် များပြားလှသည့် တာဝန်များကို ယူထားရသည့်အတွက် မနိုင်ဝန်ကို ထမ်းရွက်ထားရသည့်သဖွယ် ဖြစ်နေပါသည်။ တစ်နည်းပြောရလျှင် အိမ်ရှင်မတာဝန်အပြင် အိမ်ထောင်ဦးစီး တာဝန်ကိုပါ ယူထားရသည့် အိမ်ရှင်မတစ်ယောက်သဖွယ် ဖြစ်နေရပါသည်။